Local News

အာဏာသိမ်းယူမှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပသွားမယ်

ျမန္မာ စစ္တပ္ရဲ႕ အာဏာသိမ္းယူမႈနဲ႔ ပတ္သက္ၿပီး ကုလသမဂၢ လုံၿခဳံေရးေကာင္စီမွာ အေရးေပၚ အစည္းအေဝးတစ္ရပ္ က်င္းပသြားမယ္လို႔ လုံၿခဳံေရးေကာင္စီ ဥကၠ႒ေနရာ ရယူထားတဲ့ ၿဗိတိန္ ႏိုင္ငံက ေျပာၾကားပါတယ္။

ေဖေဖာ္ဝါရီလ ၂ရက္ေန႔၊ အဂၤါေန႔မွာ အေရးေပၚ အစည္းအေဝးတစ္ရပ္ က်င္းပဖို႔ စီစဥ္ထားၿပီး လုံၿခဳံေရးေကာင္စီ အဖြဲ႕ဝင္ႏိုင္ငံေတြကို အေၾကာင္းၾကားထားၿပီး ျဖစ္ေၾကာင္း ၿဗိတိန္ ႏိုင္ငံဆိုင္ရာ ကုလသမဂၢ သံအမတ္ ဘာဘရာ ဝုဒ္ေဝါ့ဒ္ ေျပာပါတယ္။

အာဏာသိမ္းယူမႈ ၿဗိတိန္ ႏိုင္ငံက ေခၚယူသတိေပး
ၿဗိတိန္ ႏိုင္ငံဆိုင္ရာ ျမန္မာသံ အမတ္ ဦးေက်ာ္စြာမင္းကို ဆင့္ေခၚ ၿပီး စစ္တပ္ရဲ႕ အာဏာသိမ္းယူမႈနဲ႔ ပတ္သက္လို႔ ျပင္းထန္စြာ ရႈတ္ခ်ေၾကာင္း ေျပာဆိုခဲ့တယ္လို႔ ၿဗိတိန္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ အရပ္သားေတြကို မတရားဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္းကေန ျပန္လႊတ္ေပးဖို႔အျပင္ သူတို႔ရဲ႕ လုံၿခဳံေရးကို အာမခံေပးဖို႔ အာရွေရးရာ ဝန္ႀကီး နီဂ်ယ္ အဒမ္က ေတာင္းဆိုခဲ့တယ္လို႔ သတင္းထုတ္ ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ျမန္မာ ႏိုင္ငံဒီမိုကေရစီ လမ္းေၾကာင္းေပၚျပန္ေရာက္ဖို႔အတြက္ ၿဗိတိန္ အစိုးရ က ႏိုင္ငံတကာ နဲ႔ အတူ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔လည္း ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။

ယူနီကုတ္ျဖင့္ဖတ္ရန္

မြန်မာ စစ်တပ်ရဲ့ အာဏာသိမ်းယူမှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပသွားမယ်လို့ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌနေရာ ရယူထားတဲ့ ဗြိတိန် နိုင်ငံက ပြောကြားပါတယ်။

ဖေဖော်ဝါရီလ ၂ရက်နေ့၊ အင်္ဂါနေ့မှာ အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပဖို့ စီစဉ်ထားပြီး လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို အကြောင်းကြားထားပြီး ဖြစ်ကြောင်း ဗြိတိန် နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ် ဘာဘရာ ဝုဒ်ဝေါ့ဒ် ပြောပါတယ်။

အာဏာသိမ်းယူမှု ဗြိတိန် နိုင်ငံက ခေါ်ယူသတိပေး
ဗြိတိန် နိုင်ငံဆိုင်ရာ မြန်မာသံ အမတ် ဦးကျော်စွာမင်းကို ဆင့်ခေါ် ပြီး စစ်တပ်ရဲ့ အာဏာသိမ်းယူမှုနဲ့ ပတ်သက်လို့ ပြင်းထန်စွာ ရှုတ်ချကြောင်း ပြောဆိုခဲ့တယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားတွေကို မတရားဖမ်းဆီးချုပ်နှောင်ခြင်းကနေ ပြန်လွှတ်ပေးဖို့အပြင် သူတို့ရဲ့ လုံခြုံရေးကို အာမခံပေးဖို့ အာရှရေးရာ ဝန်ကြီး နီဂျယ် အဒမ်က တောင်းဆိုခဲ့တယ်လို့ သတင်းထုတ် ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာ နိုင်ငံဒီမိုကရေစီ လမ်းကြောင်းပေါ်ပြန်ရောက်ဖို့အတွက် ဗြိတိန် အစိုးရ က နိုင်ငံတကာ နဲ့ အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။