Celebrity

ဆရာတော်ကြီးတွေလည်း သစ္စာဆို တိုင်တည်

ဆရာတော်ကြီးတွေလည်း သစ္စာဆို တိုင်တည်ကြပြီလေ..

ကျွန်ုပ် အရှင်ကောဝိဒ သည် မှန်ကန်သော သစ္စာကို ဆိုပါမည်..

ကျွန်ုပ်သည် လောကီလူ့ဘဝတွင် (၁၄)နှစ်သားအထိ တပါးသူတို့အပေါ်၌ မကောင်းသောစိတ် တခါဖူးမျှ မထားခဲ့ဘူးပါ။ (၁၄) နှစ်သားမှ (၁၉) နှစ် (၄) လအထိ နေခဲ့သော ကိုရင်ဘဝတွင်လည်း သူတပါးတို့အပေါ်၌ တခါဖူးမျှ မကောင်းစိတ်ထား မထားခဲ့ဖူးသလို ၊ နေလွဲညစာဟူ၍ နှမ်းတစေ့မျှပင် မစားခဲ့ဘူးပါ။

(၁၉) နှစ် (၄) လသားတွင် ကျနုပ် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ပြီးသည်မှ ၊ ယနေ့ အသက် (၇၅) နှစ်အထိ ရှင် လူ ရဟန်း မည်သူ့အပေါ်ကိုမျှ မကောင်းစိတ်ထား မထားခဲ့ဖူးပါ..

ဤမှန်သောသစ္စာစကားကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၊ အထိန်းသိမ်းခံနေရသော အန်နယ်လ်ဒီပါတီအဖွဲ့ဝင်အားလုံးတို့ ၊ အမြန်ဆုံးလွတ်မြောက်ကြပါစေကုန်သတည်း။

အမိမြန်မာနိုင်ငံအတွက် ဒေါ်လာ (၁၅,၀၀၀) ကျော်အကုန်အကျခံ၍ မိမိမွေးဖွားခဲ့ရာ ရွာဦးကျောင်းဟောင်းကြီးကို ပြန်လည်ပြုပြင်ခဲ့ခြင်းနှင့် ရှင်အပါး (၅၀) ကို သာသနာ့ဘောင်သို့ ရှစ်ပါးပရိက္ခရာစုံလင်စွာဖြင့် သွတ်သွင်းခဲ့ခြင်း။ မိမိမွေးဖွားရာ ဇာတိရွာတွင် တံတားပြင်ရန် သိန်းပေါင်း (၆၀) ကျော် လှူဒါန်းခဲ့ခြင်း။ မိမိမွေးဇာတိရွာတွင် သိန်းပေါင်း (၁,၄၀၀) ကျော် အကုန်အကျခံ၍ ၊ နှစ်ထပ်အလယ်တန်းကျောင်းသစ်ကြီးကို နိုင်ငံတော်သို့ ဆောက်လုပ်လှူဒါန်းခဲ့ခြင်း။ ကျောင်းသူ၊ ကျောင်းသား (၇) ယောက်တို့အား ပညာသင်စားရိတ်များ ထောက်ပံ့နေခြင်း။

တိုရန်တိုမြို့ မဟာဓမ္မိကကျောင်းတော်ကြီး ဆောက်လုပ်ဖို့အတွက် ကနေဒီယန်ဒေါ်လာ (၁၀,၀၀၀) ထည့်ဝင်လှူဒါန်းခဲ့ခြင်းနှင့် ၁၉၉၆ ခု၊ စက်တင်ဘာလမှ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘလအထိ မဟာဓမ္မိကကျောင်းအတွက် လစဉ် အလှူငွေထည့်ဝင်ခဲ့ခြင်း။ ကျောက်ပန်းတောင်းမြို့တွင် မိမိမှ သိန်း(၁၀၀) မတည်၍ ဓမ္မာရုံကြီးဆောက်လုပ်နေခြင်း။ လိုအပ်သောသူများအား လိုအပ်သည့်ပစ္စည်းနှင့်ငွေများကို အခါအားလျော်စွာ ထောက်ပံ့ပေးကမ်းလှူဒါန်းခြင်း။

မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးဗဟိုသို့ မိမိ၏ (၇၅) နှစ်မြောက် မွေးနေ့အလှူအဖြစ် ကနေဒီယန်ဒေါ်လာ (၁၁,၂၀၀) လှူဒါန်းခဲ့ခြင်း အစရှိသောဒါနကုသိုလ်။ ဆောက်တည်ရသောသီလကုသိုလ်၊ ရှောင်ကျဉ်ရသောဝါရိတ္တကုသိုလ်၊ နေ့စဉ်ပွားများအားထုတ်ရသော မေတ္တာ ဘာဝနာကုသိုလ်တို့၏ စွမ်းအားကြောင့်.. အထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည် နှင့် အန်နယ်လ်ဒီအစိုးရအဖွဲ့ဝင် အားလုံးတို့နှင့်တကွ.. ဖမ်းဆီးခံထားရသော အသိပညာရှင်၊ အတတ်ပညာရှင်အားလုံးတို့သည် ဘေးရန်မရှိ ပကတိကျန်းမာချမ်းသာစွာဖြင့် အမြန်ဆုံး လွတ်မြောက်လာကြပါစေကုန်သတည်း။

တရားသဖြင့် အနိုင်ရထားသော အန်နယ်လ်ဒီပါတီသည်လည်း အစိုးရအဖွဲ့ အမြန်ဆုံး ဖွဲ့နိုင်ပါစေသတည်း။ လူယုတ်မာများ အမြန်ဆုံး ကျဆုံးပါစေသတည်း။

(အရှင်ကောဝိဒ)