Local News

မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသာဘိဝံသကို လူဝတ်လဲပြီး ရုံးထုတ်

မဝတီမင္းႀကီးေက်ာင္းတိုက္ ဆရာေတာ္ ဦးအရိယာဝံသာဘိဝံသကို လူဝတ္လဲၿပီး ေဖေဖာ္ဝါရီလ ၃ ရက္ေန႕ က ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တရား႐ုံးမွာ ႐ုံးထုတ္ခဲ့ပါတယ္။
မီဒီယာ တစ္ခုနဲ႕ အင္တာဗ်ဴးမွာ တပ္မေတာ္ ဂုဏ္သိကၡာက်ဆင္းေအာင္ေျပာဆိုတယ္ဆိုၿပီး ဆရာေတာ္ကို ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ တရား႐ုံးမွာ တပ္မေတာ္ က ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလထဲ က ဦးတိုက္ေလွ်ာက္ထားခဲ့ပါတယ္။

တရား႐ုံးဦးတိုက္ေလွ်ာက္ထားတာကို ရဲတပ္ဖြဲ႕ထံ စုံစမ္းစစ္ေဆးတာေတြ လုပ္ဖို႔ခ်ထားေပးခဲ့ၿပီး စုံစမ္းစစ္ေဆးေတြ႕ရွိခ်က္အရ အသေရဖ်က္မႈ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၀ နဲ႕ တရား႐ုံးစြဲတင္ခဲ့ကာ ဆရာေတာ္ကို ၂၀၁၉ ခုႏွစ္ နိုဝင္ဘာလ ၇ ရက္ေန႕က ကိုယ္တိုင္ခံဝန္နဲ႕ အာမခံေပးခဲ့ပါတယ္။

ဒီလိုလူဝတ္လဲဖမ္းဆီးတာဟာ ဥပေဒနဲ႕မညီပဲ အထက္အမိန့္နဲ႕ ဆိုၿပီး လုပ္ေဆာင္တာလို႔ ဆရာေတာ္ က ႐ုံးထုတ္မွာ ေျပာၾကားခဲ့ပါတယ္။

Unicode

မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသာဘိဝံသကို လူဝတ်လဲပြီး ရုံးထုတ်

မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသာဘိဝံသကို လူဝတ်လဲပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့ က ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
မီဒီယာ တစ်ခုနဲ့ အင်တာဗျူးမှာ တပ်မတော် ဂုဏ်သိက္ခာကျဆင်းအောင်ပြောဆိုတယ်ဆိုပြီး ဆရာတော်ကို ပြည်ကြီးတံခွန်မြို့နယ် တရားရုံးမှာ တပ်မတော် က ၂၀၁၉ ခုနှစ် အောက်တိုဘာလထဲ က ဦးတိုက်လျှောက်ထားခဲ့ပါတယ်။

တရားရုံးဦးတိုက်လျှောက်ထားတာကို ရဲတပ်ဖွဲ့ထံ စုံစမ်းစစ်ဆေးတာတွေ လုပ်ဖို့ချထားပေးခဲ့ပြီး စုံစမ်းစစ်ဆေးတွေ့ရှိချက်အရ အသရေဖျက်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၀ နဲ့ တရားရုံးစွဲတင်ခဲ့ကာ ဆရာတော်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က ကိုယ်တိုင်ခံဝန်နဲ့ အာမခံပေးခဲ့ပါတယ်။

ဒီလိုလူဝတ်လဲဖမ်းဆီးတာဟာ ဥပဒေနဲ့မညီပဲ အထက်အမိန့်နဲ့ ဆိုပြီး လုပ်ဆောင်တာလို့ ဆရာတော် က ရုံးထုတ်မှာ ပြောကြားခဲ့ပါတယ်။

Credit