Local News

ဆမလက်မှတ်သာ သိမ်းလို့ရမယ် ရင်ထဲက ယုံကြည်ချက်ကိုတော့ သိမ်းလို့မရဘူးဆိုတဲ့ ဒေါက်တာ

ဆေးကုသခွင့် ဆမလက်မှတ်သာ သိမ်းလို့ရမယ် ရင်ထဲက ယုံကြည်ချက်ကိုတော့ သိမ်းလို့မရဘူးတဲ့.. လေးစားပါတယ် ဒေါက်တာရဲရင့်လုံ..

နေ့စဉ် Attendance ကောက်ယူပြီး သတင်းပို့ရတဲ့အတွက် ကျွန်တော့်ကို ဖုန်းဆက်အကြောင်းကြား ပါတယ်။ ကျွန်တော်ဟာ တာဝန်ခံတိုက်နယ်ဆရာဝန်တစ်ဦးအနေနဲ့ မနိုင်ဝန်ကို ထမ်းခဲ့တာ ဆယ်စုနှစ်တစ်စုနီးပါး ကြာခဲ့ပါပြီ။ အိပ်ကောင်းခြင်းမအိပ်ရ ပင်ပန်းလှပေမယ့် ပြည်သူ့မျက်နှာကို ထောက်ထားပြီး လုပ်နိုင်တာထက်ပိုပြီး အလုပ်လုပ်ခဲ့ပြီးပါပြီ။

၂၀၁၉ ခုနှစ် မတ်လမှာ လေဖြတ်ခဲ့ဖူးပေမယ့် ပြန်လည်ကျန်းမာလာချိန်ကစပြီး အလုပ်တာဝန် ဝတ္တရားတွေကို ကျေကျေပွန်ပွန် ထမ်းဆောင်ခဲ့ပါတယ်။ Civil Disobedience Campaign မှာ ပါဝင်ခဲ့ရင် နောက်ဆက်တွဲအနေနဲ့ ဆမသိမ်းခံရနိုင်တာကြောင့် မိသားစုနဲ့ သေသေချာချာ တိုင်ပင်ဖို့ ပြောပါတယ်။

စဥ်းစားတွေဝေဖို့ အကြောင်းမရှိပါဘူး။ Civil Disobedience Campaign မှာ ကျွန်တော် တက်တက်ကြွကြွ ပါဝင်နေပါတယ်။ ဒါဟာ ကျွန်တော့် ယုံကြည်ချက်ပါ။ ကျွန်တော့် ခံယူချက်ပါ။ အစကတည်းက အဆိုးဆုံးအတွက်လည်း ကြိုတင်ပြင်ဆင်ထားခဲ့ပြီးပါပြီ။ ဆေးကုသခွင့် ဆမလက်မှတ်ကို သိမ်းယူလို့ ရပေမယ့် ကျွန်တော့်ယုံကြည်ချက်ကို သိမ်းယူလို့ မရပါဘူး။

(ဒေါက်တာရဲရင့်လုံ)

Credit