Celebrity Local News

ဆန္ဒပြပွဲများ အကြမ်းမဖက် လှုပ်ရှားမှုဖြစ်ရန် အရေးကြီးကြောင်း ဦးမင်းကိုနိုင် သတိပေး

အရပ်သားအချင်းချင်း ပဋိပက္ခများဖန်တီးပြီး ပုံဖျက်မှုရှိလာနိုင်သည့်အပေါ် ကာကွယ်ကြရန်လိုဟုဆို

တပ်မတော်၏ အာ ဏာသိမ်းမှုအပေါ် ဆန့်ကျင်သည့် လှုပ်ရှားမှု များသည်၊ အကြမ်း မဖက်လှုပ်ရှားမှု.. ဖြစ်ရန် အရေး ကြီးကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အ စည်းမှ ဦးမင်းကိုနိုင်က ပြောကြား သည်..

MRTV နှင့် တပ်မတော်က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည့် မေတ္တာရပ်ခံစာသည် အမည်က သာ မေတ္တာရပ်ခံစာဖြစ်သော် လည်း ခြိမ်းခြောက်စာဖြစ်နေ ကြောင်း ၎င်းကဆိုသည်။ ထိုကဲ့ သို့ ခြိမ်းခြောက်မှုရှိလာမည်ကို မျှော်လင့်ထားပြီးဖြစ်ကြောင်း..

တစ်နည်းအားဖြင့် ယင်းစာသည် ပြည်သူလူထု၏ စည်းစနစ်ကျ သည့် အင်အားပါသည့်လှုပ်ရှားမှု ကို အသိအမှတ်ပြုလိုက်ရခြင်း ပင်ဖြစ်ကြောင်း ဦးမင်းကိုနိုင်က ပြောသည်။

‘‘အရေးကြီးဆုံးက ကျွန် တော်တို့ဘက်က အကြမ်းဖက်မှု တွေပါမလာနိုင်အောင် ထိန်းဖို့ပဲ။ ရှေ့ဆက်မယ့်.. ခရီးတွေမှာ အလုပ် တာဝန်တွေ၊ ခွဲဝေမှုတွေက ရှိကြ မှာပဲ။ ဆိုလိုတာက ဝန်ထမ်း မဟုတ်တဲ့ ပြည်သူတွေက ဒီလှုပ် ရှားမှု၊ ဒီအရေးတော်ပုံမှာ ဘယ် လိုပါရမလဲ။ ငါတို့က အလုပ် မဆင်းလို့ ဘာမှထူးတာ မဟုတ် ဘူး၊ ငါတို့ ဝန်ထမ်းမဟုတ်ဘူး..

ဟုတ်တယ်၊ သူတို့ သန်ရာသန် ရာ၊ ယုံကြည်ရာ နည်းမျိုးစုံနဲ့ ပါဝင်နိုင်သေးတယ်။ ဒါပေမဲ့ အရေးကြီးဆုံးက ခြိမ်းခြောက်မှု တွေရင်ဆိုင်တဲ့နေရာမှာ အကြမ်း မဖက်လှုပ်ရှားမှုဖြစ်နေဖို့ပဲ’’ ဟု ဦးမင်းကိုနိုင်က ပြောသည်။

အဖျက်သမားဆိုသည်မှာ မည်သည့်ဝတ်စုံ၊ မည်သည့်အလံ ဖြင့်လာမည်ကို မည်သူမျှ မပြော နိုင်ကြောင်း၊ စရိုက်များကိုကြည့် ပြီး ခွဲခြားကြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘ကျွန်တော်တို့ စစ်မှန်တဲ့ လှုပ်ရှားမှုတွေကို ဘေးကနေ ချဉ်းကပ်လာမှာ ရှေ့ကနေ ရင် ဆိုင်လာမှာ ပုံသဏ္ဌာန်မျိုးစုံနဲ့ရှိ လိမ့်မယ်။ အကြမ်းဖက်မှုတွေ ဖန်တီးလာနိုင်တယ်..

အဲဒါတွေကို ကျွန်တော်တို့ စစ်မှန်တဲ့ ပြည်သူ တွေဘက်က လုံခြုံရေးစနစ်တွေ ပြင်ဆင်ထားရလိမ့်မယ်’’ ဟု ဦးမင်းကိုနိုင်က ပြောသည်။

လက်ရှိ ဖြစ်နေသည့်ကိစ္စ ရပ်သည် ထိုင်းနိုင်ငံတွင်ဖြစ်နေ.. သည့် ရှပ်ဝါ၊ ရှပ်နီကဲ့သို့သော အရောင်ကိစ္စမဟုတ်ကြောင်း ၎င်း ကဆိုသည်။

‘‘အမှန်တရားနဲ့ တရားမျှတ မှုဘက်နဲ့၊ တစ်ဖက်က ဘာလဲဆို တော့ မတရားမှု၊ ဒီဟာကိုပဲ ကျွန် တော်တို့က ရင်ဆိုင်နေရတာ။ အဲဒီတော့ လက်နက်ကိုင်အဖွဲ့ အစည်းတွေကနေပြီးတော့ ဖြို ခွင်းတဲ့ကိစ္စက တစ်ပိုင်း၊

အရပ် သားအချင်းချင်း ပဋိပက္ခတွေ ဖန်တီးလာမှာကို ကျွန်တော်တို့ စိုးရိမ်တာ။ အဲဒါကို ကျွန်တော်တို့ ကြိုတင်ကာကွယ်ထားရမှာ..

ပြီး တော့မှ အဲဒါကို ခေါင်းစဉ်တပ်ပြီး တော့ အသုံးချသွားမှာ၊ ပဋိပက္ခ အသွင်တွေနဲ့ ပုံဖျက်ပစ်လိုက်မှာ။ အဲဒါကို မဖြစ်အောင် ဝိုင်းပြီး ကာ ကွယ်ကြရမှာ။ ဒါအရေးကြီးဆုံး ပါ။ ကျွန်တော်တို့ ဉာဏ်ပညာနဲ့ ကျွန်တော်တို့ သွားကြရလိမ့်မယ်’’ ဟု ဦးမင်းကိုနိုင်က ပြောသည်။

လက်ရှိတွင် ဗြိတိန်အပါအ ဝင် ဥရောပသမဂ္ဂက ကုလသမဂ္ဂ လူ့အခွင့်အရေး.. ကော်မရှင်တွင် မြန်မာနိုင်ငံအရေးကို ကိုင်တွယ် ရန် တင်ပြတောင်းဆိုမှုများရှိ ကြောင်း၊

ဆက်လက်၍ အရေး ကြီးဆုံးဖြစ်သည့် စည်းကမ်း သေဝပ်မှုနှင့် မျိုးဆက်သစ်များ၏ စနစ်ကျမှုများနှင့် ထိန်းကျောင်း သွားရန်ဖြစ်ကြောင်း ဦးမင်းကိုနိုင် ကပြောသည်။

ယမန်နေ့က နိုင်ငံတစ်ဝန်း ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲများသည် အားရစရာကောင်းသကဲ့သို့ ဝန် ထမ်းများ အလုပ်မဆင်းရေး သပိတ်သည်လည်း ဂုဏ်ယူစရာ အားတက်စရာဖြစ်ကြောင်း ဦး မင်းကိုနိုင်က ပြောကြားသည်။

‘‘ဆန္ဒပြပွဲတွေမျိုးစုံကို ကျွန် တော်တို့က တန်ဖိုးကိုယ်စီရှိတယ်.. လို့ ပြောပြီးပါပြီ။ အဓိကကတော့ ဒီယန္တရားကြီးရပ်သွားဖို့ပဲ။ အစိုးရ လို့ ကိုယ့်ကိုယ်ကိုယ် ကြေညာချင် တဲ့သူတွေ ဘာမှ အစိုးရဖြစ်မလာ ဖို့အတွက်က ယန္တရားရပ်ဖို့..

အဲဒီ အတွက် CDM လို့ ခေါ်တဲ့ ဝန်ထမ်းတွေ အလုပ်မဆင်းရေး လှုပ်ရှားမှုက နံပါတ်တစ်အရေး ကြီးပါတယ်။

ခုနက ကျွန်တော် ပြောပြီးပါပြီ။ ဆန္ဒပြပွဲမျိုးစုံက လည်း သူတို့မှာ တန်ဖိုးကိုယ်စီရှိ တယ်။ အပြန်အလှန်.. အားပေး ထောက်ကူမှုတွေဖြစ်နေတယ်’’ ဟု ဦးမင်းကိုနိုင်က ပြောသည်။

ခရစ်ဒစ် 7day