Celebrity Local News

ရဲရင့်တက်ကြွစွာ ပြည်သူတွေနဲ့အတူ မြေနီကုန်းမှာ ပါဝင်လာပြီဖြစ်တဲ့ ပိုင်တံခွန်




CREDIT…….myanmar Load

UNICODE

ပရိသတ်ကြီးရေ.. အနုပညာ လောကမှာ ပရိသတ်တွေ အချစ်တွေ များစွာ ရရှိ ထားတဲ့ အပြင် ပြည်ပ ပရိသတ် တွေရဲ့တစ်ခဲနက် အားပေးမှုတွေ နဲ့ အောင်မြင်မှုတွေအခိုင်အမာ ရရှိထားသူ ကတော့ မော်လ်ဒယ် သရုပ်ဆောင် မင်းသားချော ပိုင်တံခွန် ပဲ ဖြစ်ပါတယ်နော်..။ပိုင်တံခွန် ကတော့ လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ တွေနဲ့ပတ်သက် ပြီး ပြည်သူ ပရိသတ်တွေ နဲ့ အတူ တစ်သားတည်း ရပ်တည်ကာ လူထု လှုပ်ရှားမှု တွေမှာ ပါဝင် နေပြီး တတ်နိုင်တဲ့ ဘက်ကနေ အားဖြည့် လုပ်ဆောင် နေတာ တွေ့ရ ပါတယ်နော်..။

ပိုင်တံခွန် နဲ့ အခြားသော အနုပညာရှင် မောင်နှ မတွေဟာ မြေနီကုန်း ပရိသတ်တွေ နဲ့ အတူ ပူးပေါင်းပြီး လမ်းလျှောက်ကာ လူထုလှုပ်ရှား မှုတွေ ပြုလုပ်နေကြတာဖြစ်ပြီး ပရိသတ်တွေ ကို နှစ်သက် သဘော ကျစေပါတယ်နော်..။လူထု လှုပ်ရှားမှုတွေ ပြုလုပ်နေ ကြတာဟာ ဒီကနေ့ ဆိုရင် (၅)ရက် မြောက်နေ့ကို ရောက်ရှိလာပြီဖြစ်သလို ပြည်သူ ပရိသတ်တွေ ကလည်း လမ်းမ ပေါ်ပြည့်လျှံကာ ပိုပိုများ လာကြပြီး အနုပညာရှင်တော်တော် များများလည်း ပါဝင် အားဖြည့်နေကြတာပါ..။

အခုတစ်ခါ မှာလည်း ပိုင်တံခွန် နဲ့ အတူ ပိုင်အုပ်စိုးအောင် နဲ့ သီရိရှင်းသန့် တို့ကလည်း မြေနီကုန်း ကပြည်သူပရိသတ်တွေ နဲ့ ပူးပေါင်းပြီး ရဲရင့် တက်ကြွစွာလူထုလှုပ်ရှားမှု တွေပြုလုပ်နေတာ ကို ပရိသတ်တွေ မြင်တွေ့ကြ ရ ဦးမှာပါနော်..။ကဲ.. ဒီကနေ့လေး မှာ တော့ ပရိသတ်တွေ နဲ့ အတူ လူထုလှုပ်ရှားမှု တွေကို ရဲဝင့်ပြတ်သားစွာ လှုပ်ရှား နေတဲ့ ပိုင်တံခွန် နဲ့ အတူ အနုပညာရှင် တွေရဲ့ ပုံရိပ်လေးတွေ ကိုလည်း ပြန်လည် ဝေမျှကာ တင်ဆက်ပေးလိုက် ပါတယ်နော်..။

သတင်းအရင်းမြစ်: Swam Heain’s Fb Acc
CREDIT…….myanmar Load