Celebrity Local News

လူငယ်တွေရဲ့ အနာဂတ်တွေအပျက်စီးမခံနိုင်တာမို့ တစ်ရက်မှမနားဘဲ ဖေဖေ၊မေမေတို့နဲ့အတူ လူထုလှုပ်ရှားမှုမှာပါဝင်နေတဲ့ သဇင်ထူးမြင့်

လူငယ်တွေရဲ့ အနာဂတ်တွေအပျက်စီးမခံနိုင်တာမို့ တစ်ရက်မှမနားဘဲ ဖေဖေ၊မေမေတို့နဲ့အတူ လူထုလှုပ်ရှားမှုမှာပါဝင်နေတဲ့ သဇင်ထူးမြင့်

မင်းသမီးချောလေးသဇင်ထူးမြင့်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တာပဲဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အပြည့်အဝရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်လျက်ရှိနေတဲ့ သူမကတော့ လက်တလောမှာဖြစ်ပွားနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပရိသတ်တွေနဲ့အတူ ရပ်တည်ကြောင်းလူမှုကွန်ယက်စာမျက်နှာထက်မှာ အသိပေးထားတာပဲဖြစ်ပါတယ်။

သဇင်ထူးမြင့်ကတော့ လူငယ်တစ်ယောက်ပီပီ ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုမှာ ပါဝင်လှုပ်ရှားလျက်ရှိနေတာပဲဖြစ်ပါတယ်။ သဇင်ထူးမြင့်ကတော့ ယခုမှာ လူငယ်တွေရဲ့ အနာဂတ်တွေအပျက်စီးမခံနိုင်တာမို့ တစ်ရက်မှမနားဘဲ ဖေဖေ၊မေမေတို့နဲ့အတူ လူထုလှုပ်ရှားမှုမှာပါဝင်နေခဲ့ပါတယ်။

တက်ညီလက်ညီနဲ့ လူထုလှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ သူမတို့မိသားစုရဲ့ပုံရိပ်လေးတွေဟာ အားပေးနေတဲ့ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။

သဇင်ထူးမြင့်ကတော့ ” အာဏာပြန်မပေးမချင်း ၁ရက်မှမနားပါဘူး မနက်ဆို အနုပညာရှင်တွေနဲ့အတူတူ ပါဝင်လှုပ်ရှားတယ်…ညဆို သံပုံးတီးတယ်…သဲတို့လူငယ်တွေမှာ အနာဂတ်တွေနဲ့ပါ အပျက်စီးမခံနိုင်ပါဘူး…စစ်အာဏာရှင်ကျရှုံးပါစေ…..CDMမှာ ပူးပေါင်းပါဝင်ပေးကြပါ “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် ဖေဖေ၊မေမေ၊ခင်မင်ရတဲ့အနုပညာရှင်ညီအကိုမောင်နှမတွေနဲ့အတူ လူထုလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ သဇင်ထူးမြင့်ရဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Credit – mmload

Unicode







Credit – mmload