Local News

ဖောင်တော်ဦးဘုရားကကျည်ကာမှန်နဲ့ဖန်အုပ်ဆောင်းယတြာအစီအရင်

ဖောင်တော်ဦးဘုရားရှိ ကျည်ကာမှန်ဖြင့် ပြုလုပ်ထားသော ဖန်အုပ်ဆောင်းသည် မင်းအောင်လှိုင်၏ ယတြာ ဖြစ်ပီး အကြိမ်ကြိမ် အဖန်ဖန် ပြန်လည် အုပ်စိုးနိုင်ပါစေကြောင်း ယတြာ ဖြစ်သည်ဟု ကြားသိရသည်။

ရင်ပြင်တော်ရှိကြွေပြား ခဏခဏ မပျက်စီးဘဲ လဲပစ်ခြင်းမှာလဲ နင်းလိုက်တိုင်း ပြားပြားဝပ်နေစေရန်ဟူသော ရည်ရွယ်ချက် ဖြစ်သည်ဟုသိရသည်။

ထို ယတြာများ ဖျောက်ဖျက်ရန် အရေးကြီးသည်ဟု မြင်မိပါသည်။ အဓိကမှာ ဖန်အုပ်ဆောင်းကို ဖယ်ရှားရမည်။ ထိုဖန်အုပ်ဆောင်း ဖယ်ရှားရန် အင်းလေးဒေသရှိ သံဃာ့နာယကအဖွဲ့အစည်း၏ ညီညွတ်မှုလိုအပ်သည်။ သံဃာ့ အဖွဲ့အစည်း၏ အမိန့်အာဏာများလိုအပ်သည်။ အင်းသားများ၏ အကူအညီလို သည် တိုက်တွန်းမှု လိုသည် အသိပေးမှုလိုသည်။

သြဝါဒစရိယ သံဃာများထံ သတင်းပါးပေးစေလိုပါသည်။ ထိုယတြာကို ပယ်ဖျက်ရမည်။