Local News

လူနွမ်းသော်လည်း မေတ္တာမခမ်းသူလေး မေတ္တာ ရောင်ပြန်ဟပ်လေပြီ

လူနွမ်းသော်လည်း မေတ္တာမခမ်းပါ

အစာအိမ်ရောဂါနဲ့အဖေကိုရှာကျွေးရင်း ငြိမ်းချမ်းရေးဆန္ဒပြသူတွေကို ၃ ရက်ဆက်တိုက် လင်ပန်းထဲက ဖရဲသီးကို လိုက်ဝေပေးနေတဲ့ကောင်မလေးနှစ်ယောက်ကို ဇာဏီမှူးအမည်ရှိတဲ့ အဖွဲ့က စုံစမ်းပြီး အလှူငွေသွားရောက်လှူဒါန်းခဲ့တယ်ဟု သိရပါတယ်။

အကာရံတွေ မလုံတဲ့အိမ်လေးတစ်လုံးမှာ အဖေဖြစ်သူအစာအိမ်ရောဂါသည်ကို နေ့စဉ်ခေါင်းပေါ်လင်ပန်းတင် နီးစပ်ရာဖရဲသီးသည်တွေမှာ အော်ဒါမှာပြီး တစ်လမ်းဝင်တစ်လမ်းထွက် ဖရဲသီးလိုက်ရောင်းနေတဲ့ ညီအမနှစ်ဦးဟာ လွန်ခဲ့သည့် ရက်အနည်းက လမ်းပေါ်ဆန္ဒပြထွက်လာကြတဲ့ လူတွေကို ဖရဲသီးလိုက် ဝေပေးနေတယ်ဟု သိရပါတယ်။

လိုက်ဝေပေးရင်း ၃ ရက်နေ့မြောက်မှာတော့ ဇာဏီမှူး ဟုအမည်သိရတဲ့အဖွဲ့က ခလေးမလေးတို့ရဲ့ နေအိမ်ကို စုံစမ်းပြီး တတ်နိုင်တဲ့ဘက်က စေတနာကိုတုန့်ပြန်တဲ့အနေတဲ့ အလှူငွေ ကျပ် ၅ သောင်းသွားရောက်လှူဒါန်းခဲ့တယ်ဟု သိရပါတယ်။

လူနေငရဲခန်း စိတ်နေဘုံဖြား လူဆင်းရဲပေမဲ့ စိတ်ထားမြင့်မြတ်တယ်ဟု စသည်ဖြင့် အွန်လိုင်းမှာ ချီးမွန်းခံနေရကြရတာကြောင့် လေးစားဂုဏ်ပြုသော်အားဖြင့် Myammar Live အဖွဲ့သားများအနေနဲ့ ညောင်စေ့လောက်လှူ ညောင်ပင်ကြီးရပါစေဟု ထပ်လောင်းဆုတောင်းပေးပါသည်။