Local News

မျိုးဆက်သစ်များတွက် စံပြ ထိုက်သူဖြစ်အောင် ကြိုးစားမယ် စွန့်လွှတ်မယ်လို့ ပြောပြလာတဲ့ ပါမောက္ခဒေါက်တာဇော်ဝေစိုး

ပါမောက္ခဒေါက်တာ ဇော်ဝေစိုးက ပြည်သူတို့အနဲ့အတူ ရပ်တည်ကြောင်းကို အခုလိုရေးသားလာခဲ့တာပဲဖြစ်ပါတယ်။”

ကျွန်တော် ပါမောက္ခချုပ်တစ်ဦးဖြစ်ပါတယ်။ကျွန်တော် အရိုးရောဂါအထူးကု ဆရာဝန်ကြီးတစ်ဦးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ အရိုးရောဂါကုသမှု နည်းပညာအသစ်များ ခွဲစိတ်မှု အသစ်များများစွာတို့ကိုလည်း ပြုလုပ်သင် ကြားပို့ချပေးခဲ့ပြီးလဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကျန်းမာရေးစောင့်ရှောက်မှုအတွက်လိုအပ်နေတဲ့ အရေးပေါ်ဆေးပညာနှင့်အရေးပေါ်ဆေးပညာဌာနကို စတင်တည်ထောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။မြန်မာနိုင်ငံကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်နေတဲ့ ကျောရိုးခွဲစိတ်မှုပညာနဲ့ကျောရိုးခွဲစိတ် မှုပ ညာဌာနကို စတင်တည်ထောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံကျန်းမာရေး စောင့်ရှောက်မှုအတွက် လိုအပ်လျှက်ရှိတဲ့ အရေးပေါ်လူနာတင်စနစ်ကိုလည်းစတင်တည်ထောင်ဖို့ ကြိုးစားခဲ့သူလည်း ဖြစ်ပါတယ်။ဆေးတက္ကသိုလ်(၁)ရန်ကုန်မှာဆေးပညာရှင်များ သူနာပြုများ ဆေးပညာဆေးလောကသားမျာ းအတွက်Sk ill,Simulation and Research center လို့ခေါ်တဲ့သင် ကြားပို့ချရေး အဆင့်မြင့်ပညာဌာနကြီးကိုလည်း စတင်တည် ထေ ာင်ခဲ့သူဖြစ်ပါတယ်။Covid 19 pandemic ကာလအတွင်းမှာ ရန်ကုန်တိုင်းဒေသကြီး Covid 19 ကာကွယ်ကုသရေး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဌအနေနဲ့ ဆောင်ရွက်ခဲ့သူ၊Covid 19 ရောဂါကုသရေး ကာကွယ်ရေးတို့အတွက် အစွမ်းကုန်ကြိုးစားခဲ့သူ တစ်ဦးလဲဖြစ်ပါတယ်။

ကိုဗစ် ၁၉အနေအထားအရ Community ထဲမှာ အထိုက်အ
လျောက် Immunity ရရှိနေပြီလို့ ယူဆရပါတယ်။ပျံ့နှံ့ကူးဆက်မှု ကျဆင်းနေပြီး 3rd wave မဖြစ်အောင် Mask တပ်ဖို့၊လက်ဆေးဖို့ ခပ်ခွာခွာနေဖို့လိုပါသေးတယ်။တစ်ဦးကို တစ်ဦးသတိပေးဖို့လဲ လိုနေပါသေးတယ်။ဒါပေမဲ့ကျွန်တော်တို့ ဆန္ဒတွေဖော်ထုတ်ကြရပါမယ်။

ကျွန်တော်ဘာမှ မလိုချင်တော့ပါဘူး။ကျွန်တော့်အသက်(၆၀)ပြည့်တော့မှာ ဖြစ်ပါတယ်။ကျွန်တော်သေမယ်ဆို သေလို့ရပါပြီ။ကျွန်တော့်အတွက်ဆိုရင် ဘုရား၊တရားနဲ့နေဖို့ပဲ ရှိပါတော့တယ်။

ကျွန်တော်အလုပ်လုပ်နေခြင်းဟာ မြန်မာနိုင်ငံအတွက် အလုပ်လုပ်နေခြင်းဖြစ်ပါတယ်။နိုင်ငံအောက်တန်းကျနေသောကြောင့်၊နိုင်ငံဆင် းရဲနေသောကြောင့် နိုင်ငံဒုက္ခရောက်နေသောကြောင့် အလုပ်လုပ်နေခြင်းဖြစ်ပါတယ်။ကျွန်တော့်မှာ ဆန္ဒတစ်ခုပဲရှိပါတယ်။

အဲဒါကတော့ တည်ငြိမ်အေးချမ်းတဲ့၊လွတ်လပ်ပြီး တရားမျှတတဲ့ မျိုးဆက်သစ်တွေအတွက်အာမခံချက်ရှိတဲ့ မြန်မာနိုင်ငံဖြစ်စေချင်တဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။နိုင်ငံတော်သမ္မတ၊နိုင်ငံ့အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်တို့လို နိုင်ငံ့အကြီးအကဲနှင့်နိုင်ငံသားတစ်ယောက်ကို အကျိုးအကြောင်းမရှိ အချိန်မရွေး မျှတတဲ့အများလက်ခံတဲ့ဥပဒေနဲ့မဟုတ်ဘဲ ကြက်ကလေး ငှက်ကလေး ဖမ်းသလို ဖမ်းပြီးစီရင်နိုင်တဲ့၊တရားစွဲအမှုလုပ်နိုင်တဲ့နိုင်ငံမဖြစ်ချင်ပါဘူး။လက်နက်အားကိုး၊လက်နက်ရှိတဲ့သူက အင်အားကြီးတဲ့သူက အနိုင်ရနေတဲ့နိုင်ငံ မဖြစ်ချင်ပါဘူး။

အဲဒိီလိုစနစ် အဲဒိီလိုနိုင်ငံမျိုးမှာ ကိုကိုယ်တိုင်လည်း လူမဖြစ်ချင်သလို ကိုယ့်သားသမီး၊ကိုယ့်တပည့်၊ကိုယ့်ရဲ့မျိုးဆက်သစ်တွေကိုလည်း မထားခဲ့ချင်ပါဘူး မထားခဲ့နိုင်ပါဘူး။

Credit