Celebrity Local News

သစ်တော ဝန်ထမ်းတစ်ဦး၏ ရဲရဲတောက် ရေးထားသောစာ

လူမှု့ကွန်ယက်အကောင့်ပိုင်ရှင် Nay Zar Dzgd ဟာ သူ့ရဲ့ ခံစားချက်ကို

“ကျနော့်ရဲ့ ဝန်ထမ်းဘဝ နောက်ဆုံး ဖြစ်ချင် ဖြစ်လိမ့်မယ်

ဒီနေ့ပဲ နစကအမိန့်နဲ့ ဝန်ထမ်းအင်အား စာရင်း တောင်းပါတယ်။

ဒီစာရင်းက ဘယ်အထိ ပေါက်မလဲ ကျွန်ုပ်သိသည်။

CDM မရှိပါဟူ၍ သက်သေ ပြကြလိမ့်မည်။

မနက်ဖန် ကျနော် အိမ်ပြန်ပါမယ် ဘာခွင့် ။

CDM မှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။

ကျနော် သင်ကြားခဲ့သော သစ်တော ပညာရပ်များသည်

ပြည်သူအတွက် နိုင်ငံအတွက်သာ ဖြစ်ရမည်ဟု ဆုံးဖြတ်ပါသည်။

ဘာမှမသိ ပေါင်းပင်ကို စိုက်ပင်လုပ်

ကျွန်းမှန်းမသိ အင်မှန်းမသိတဲ့

အစိုးရလက်အောက် အလုပ် မလုပ်လိုပါ။

ကျနော်သင်ခဲ့သော ပညာရပ် အရပ်ရပ်အား တန်ဖိုးထားသည်။

ခင်းများတို့ ရာထူးရူးတာ နဲ့ ကျုပ်တို့ ကျွန်ဇာတ်သွင်းခံရတာနဲ့စာရင်

ဘယ်ဘဝရောက်ရောက် ကျွန်ုပ် ကျေနပ်ပါသည်။

ခင်များတို့ဘဝ ထာဝရ အေးချမ်းပါစေ။

ကသ (၁၁)

မြန်မာနိုင်ငံ သစ်တောကျောင်းဆင်း ” ဆိုပြီး ရေးထားတာပါ…

ကျန်ရှိနေသူများလဲ ပူးပေါင်းပါဝင်လာရင် ကောင်းလေစွ