Local News

ဂျပန်​ တိုကျိုမြို့ရှိ မြန်​မာသံရုံးဒုတိယအတွင်းဝန်​ CDM တွင်​ပါဝင်​လာ

ကၽြန္မ အိျႏၵာသန္းသည္ ဂ်ပန္နိုင္ငံ၊တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးတြင္ ဒုတိယအတြင္းဝန္အျဖစ္ တာဝန္ထမ္းေဆာင္လ်က္ရွိပါသည္။

ကၽြန္မသည္ ေရြးေကာက္ခံျပည္သူ႔အစိုးရ၏ တာဝန္ေပးေစလႊတ္မႈေၾကာင့္ ျပည္ပတြင္ ျမန္မာနိုင္ငံကိုယ္စားျပဳ သံတမန္တစ္ဦးအျဖစ္ တာဝန္ထမ္းေဆာင္ေနျခင္းျဖစ္ပါသည္။

၁-၂-၂၀၂၁ ရက္ေန႔မွစတင္၍ အာဏာသိမ္းယူထားသည့္ စစ္အုပ္စု၏ လက္ေအာက္တြင္ တာဝန္ထမ္းေဆာင္လိုသည့္ဆႏၵမရွိျခင္း၊ ယခုလက္ရွိ ျမန္မာနိုင္ငံတြင္ ၿငိမ္းခ်မ္းစြာဆႏၵျပေနသူမ်ားႏွင့္ မိမိတို႔ ေနအိမ္မ်ားအတြင္း ေနထိုင္ေနသူမ်ားအေပၚ အၾကမ္းဖက္သတ္ျဖတ္ၿဖိဳခြင္းေႏွာက္ယွက္ ျခင္းမ်ားကို လုံးဝ (လုံးဝ) လက္မခံနိုင္ျခင္းတို႔ေၾကာင့္ ကၽြန္မသည္ Civil Disobedience Movement (CDM) တြင္ ပါဝင္သြားမည္ျဖစ္ပါသည္။

ျပည္သူ႔ဝန္ထမ္းတစ္ဉီးအေနျဖင့္ တရားမၽွတမႈ၊ ေျဖာင့္မတ္မွန္ကန္မႈႏွင့္ အမွန္တရားတို႔ကိုသာ အလိုရွိပါသည္။ ကၽြန္မသည္ အလုပ္ထြက္ျခင္းမဟုတ္ဘဲ ျပည္သူမ်ားႏွင့္အတူ ရပ္တည္ျခင္း ျဖစ္ပါသည္။

ယခုဆုံးျဖတ္ခ်က္သည္ မိမိတစ္ဦးတည္း၏ သေဘာဆႏၵအရ ျပဳလုပ္ျခင္းျဖစ္ၿပီး၊ မိမိတာဝန္က် သည့္႐ုံး၊ လုပ္ေဖာ္ကိုင္ဖက္မ်ား၊ မိတ္ေဆြ၊ အသိုင္းအဝိုင္းႏွင့္ မိသားစုမ်ားႏွင့္ လုံးဝ သက္ဆိုင္ျခင္းမရွိပါေၾကာင္း ေဖာ္ျပအပ္ပါသည္။

Aqua Rafa

Unicode

ကျွန်မ အိန္ဒြာသန်းသည် ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ မြန်မာသံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

ကျွန်မသည် ရွေးကောက်ခံပြည်သူ့အစိုးရ၏ တာဝန်ပေးစေလွှတ်မှုကြောင့် ပြည်ပတွင် မြန်မာနိုင်ငံကိုယ်စားပြု သံတမန်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေခြင်းဖြစ်ပါသည်။

၁-၂-၂၀၂၁ ရက်နေ့မှစတင်၍ အာဏာသိမ်းယူထားသည့် စစ်အုပ်စု၏ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုသည့်ဆန္ဒမရှိခြင်း၊ ယခုလက်ရှိ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာဆန္ဒပြနေသူများနှင့် မိမိတို့ နေအိမ်များအတွင်း နေထိုင်နေသူများအပေါ် အကြမ်းဖက်သတ်ဖြတ်ဖြိုခွင်းနှောက်ယှက် ခြင်းများကို လုံးဝ (လုံးဝ) လက်မခံနိုင်ခြင်းတို့ကြောင့် ကျွန်မသည် Civil Disobedience Movement (CDM) တွင် ပါဝင်သွားမည်ဖြစ်ပါသည်။

ပြည်သူ့ဝန်ထမ်းတစ်ဉီးအနေဖြင့် တရားမျှတမှု၊ ဖြောင့်မတ်မှန်ကန်မှုနှင့် အမှန်တရားတို့ကိုသာ အလိုရှိပါသည်။ ကျွန်မသည် အလုပ်ထွက်ခြင်းမဟုတ်ဘဲ ပြည်သူများနှင့်အတူ ရပ်တည်ခြင်း ဖြစ်ပါသည်။

ယခုဆုံးဖြတ်ချက်သည် မိမိတစ်ဦးတည်း၏ သဘောဆန္ဒအရ ပြုလုပ်ခြင်းဖြစ်ပြီး၊ မိမိတာဝန်ကျ သည့်ရုံး၊ လုပ်ဖော်ကိုင်ဖက်များ၊ မိတ်ဆွေ၊ အသိုင်းအဝိုင်းနှင့် မိသားစုများနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပါကြောင်း ဖော်ပြအပ်ပါသည်။

Aqua Rafa