Celebrity Local News

လူထု လှုပ်ရှားမှုတွေမှာ ရှေ့ဆုံးကနေ အားကြိုး မာန်တက် ပါဝင်တဲ့ ပိုင်တံခွန်ကို ဘေးကင်း ပါစေလို့ ဆုတောင်း ပေးလိုက်တဲ့ ပိုပို

ပရိတ်သတ်ကြီးကို ယခုတင်ပြချင် တဲ့ အကြောင်းလေး က တော့လူထု လှုပ်ရှား မှုတွေမှာ ရှေ့ဆုံး ကနေ အားကြိုး မာန်တက်ပါဝင်တဲ့ ပိုင်တံခွန် ကို ဘေးကင်း ပါစေလို့ ဆုတောင်း ပေးလိုက်တဲ့ ပိုပိုဆိုတဲ့အကြောင်း လေးပဲဖြစ်ပါတယ်။

အဆိုတော် ပိုပို ကတော့ လက်ရှိ အခြေအနေ တွေမှာ ဆိုရင် ပြည်သူတွေနဲ့ တစ်သား တည်း ရပ်တည်ပြီး တစ်ဖက် တစ်လမ်း ကနေပါဝင်အားဖြည့် နေတာ ဖြစ်ပါ တယ်။

ပိုပိုဟာ နေ့ခင်းဘက် တွေဆို လမ်းမ ပေါ်ထွက် ပြီး လူထု လှုပ်ရှား မှုတွေမှာပါဝင်သလို ညဘက်ဆိုလည်း ရပ်ကွက် လုံခြုံရေးအတွက် ကင်းစောင့်ပေးတာ ဖြစ်ပါတယ်။လူထု လှုပ်ရှား မှု တွေ မှာ ကျဆုံးသွားတဲ့ ပြည်သူတွေအတွက် လည်းပိုပိုက တတ်နိုင်သလောက် လှူဒါန်နေတာ ဖြစ်ပါတယ်။

ပိုပိုတို့ အနုပညာရှင် တွေက တော့ ပြည်သူ လူထု နဲ့ တစ်စိတ် တစ်ဝမ်းတည်း ရှိပြီး အ မှန်တရား အတွက် ရင်ဆိုင် နေ ကြတာ ဖြစ်ပါတယ်။အခုလို အချိန် မျိုးမှာ အနု ပညာရှင် တွေကလည်း ပြည်သူတွေဘက်ကနေ ပြတ်ပြတ်သားသား ရပ်တည်နေတာ ဖြစ်လို့ ပြည်သူလူ ထုက ပိုပြီး အားတက် နေကြ တာဖြစ်ပါ တယ်။

အနုပညာရှင်တွေက တစ်နိုင်ငံလုံး သိကြတဲ့သူတွေဖြစ်တာကြောင့် လူထုလှုပ်ရှားမှုတွေမှာလည်း ပါဝင်ရင်း မိမိရဲ့ လုံခြုံ ရေးကို ပါအ ထူးဂရုစိုက် နေရတာ ဖြစ်ပါတယ်။

ပိုင်တံခွန် ကလည်း လတ်တလော မှာဆိုရင် သူ့ရဲ့လုံခြုံရေးကို ဂရု စိုက်နေရလို့ ခဏရှောင်တိမ်း နေရတာ ဖြစ်ပါ တယ်။ပရိသတ်တွေ က တော့ ပိုင်တံခွန် ဘေးကင်းဖို့အတွက် ဆုတောင်းပေးနေ ကြတာဖြစ်ပါတယ်။

ပြည်သူ လူထုကလည်း ဒီနေ့ အချိန်ထိ တိုင်အောင် စိတ်ဓာတ်အားမာန်အပြည့်နဲ့ ကြိုးစား နေကြဆဲဖြစ်ပါတယ်။လက်ရှိမှာဆိုရင် ပိုင်တံခွန် က လူ ငယ် ပီပီ အရမ်း ရဲရင့် တာကြောင့် ပြည်သူ လူထု နဲ့အနုပညာရှင် အသိုင်းအဝိုင်းကပါ လေးစားပြီး ချီးကျူးနေကြတာ ဖြစ်ပါတယ်။

ပိုပို က လည်း ပိုင် တံ ခွန် နဲ့ ရင်းနှီး တာ ကြောင့် သူ ဘေးကင်းဖို့ အဆုတောင်း ပေးလိုက် တာ ဖြစ်ပါ တယ်။ပိုပိုကတော့”ရှင် တို့ ရဲ့ တံခွန်လေး ဘေးကင်း ပါစေလို့ ပိုဆုတောင်းပါတယ်နော်။

Comment တွေဖတ်ပြီး ကျွန်မ အူတက် နေပါ ပြီနော်( မ ကို တော့ စိတ် မပူ ပါနဲ့ တော့ မ ဘေးမှာ တံခွန် ရှိ နေ လို့ လုံခြုံ ပါပြီ စတာ)”ဆိုပြီး အခွီးပုံစံလေး ရေးသားမျှဝေ လာတာ ဖြစ်ပါတယ်။

Source&Photo Credit:ဝတ်ရည်မိုး Facebook Acc