Local News

ကသာမြို့မှာ ဓါတ်ရိုက်ဓါတ်ဆင် ယတြာအစီအရင် ပြုလုပ်ပြီးမှ ဆန္ဒဖော်ထုတ်

ကသာမြို့မှာ ဓါတ်ရိုက်ဓါတ်ဆင် ယတြာအစီအရင်ပြုလုပ်ပြီးမှ ဆန္ဒဖော်ထုတ်

ကသာမြို့မှာ ဒီနေ့ မတ်လ (၇) ရက် မနက်ပိုင်းက စစ်အာဏာရှင် စနစ် ကျဆုံးရေးအတွက် ဆန္ဒဖော်ထုတ်ဖို့ လာကြသူတွေက စုရပ်မှာ “တပေါင်းကူးရင် အကြောင်းထူး စေရမယ်ဟေ့” ဆိုတဲ့ ဓါတ်ရိုက်ဓါတ်ဆင် ယတြာပြုလုပ်ကြပြီးမှ ဆန္ဒဖော်ထုတ် တာကို စတင်ခဲ့ကြပါတယ်။

အစီအရင်အတွက် အပင်တစ်ရာမှာ တစ်ပင်ပေါက်ခဲတဲ့ ငှက်ပျောပင်ကို ရှာဖွေခဲ့ရကာ ငှက်ပျောပင်မှာ ” စစ်အာဏာရှင် ” လို့ရေးထားပြီး ငှက်ပျောပင်ထိပ်ဖျားက ဓါတ်ပုံ တစ်ခုမှာတော့ “အံ တံ ၊ တံ အံ ” ဆိုတဲ့ စာသားရေးထားပါတယ်။ ငှက်ပျောပင်စည်က ဖောက်ထွက်နေတဲ့ ငှက်ပျောဖူး ငှက်ပျောခိုင်နေရာမှာတော့ ” သား များ စစ် ရဲ ” ဆိုတဲ့ စာသားရေးထားပြီး သဲထည့်ထားတဲ့ ခြင်းတစ်လုံးထဲမှာ စိုက်ထူထားတာ တွေ့ရပါတယ်။

အစီအရင် လုပ်ရတဲ့ အကြောင်းကို ကသာမြို့ဒေသခံ တစ်ဦးက ခုလိုပြောပါတယ်။ “တပေါင်းလထဲ ရောက်ရင် ပြည်သူတွေ ကိုယ်စိတ်နှလုံး အေးချမ်းကောင်းမွန်ပါပြီ ။ တပေါင်းကူးရင် အကြောင်းထူးမယ် ဆိုတဲ့ သဘောတရားပေါ့။ ငါးရက် လောက်ပဲ လိုတော့တာပါ။ မြန်မာပြည်သူ ပြည်သား အားလုံးအတွက် အရေးတော်ပုံကြီး အောင်မြင်ပြီး စစ်အာဏာရှင်စနစ်ကျဆုံးဖို့ ဓါတ်ရိုက် ဓါတ်ဆင်ပြုလုပ်ပြီး ဆန္ဒဖော်ထုတ်ဖို့ ချီတက်ကြတာ”

ဆန္ဒဖော်ထုတ်ဖို့ လာရောက်ကြသူတွေက ဓါတ်ရိုက် ဓါတ်ဆင် ပြုလုပ်ထားတဲ့ ယတြာ ငှက်ပျောပင်ကို ရေလောင်းပြီး ဆွဲလှဲကြ ပါတယ်။ ခြေထောက်တွေနဲ့ နင်းခြေရင်း “တပေါင်းကူးရင် အကြောင်းထူးစေရမယ်ဟေ့ စစ်အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးပါစေ” လို့ ကြွေးကြော် ခဲ့ကြပါတယ်။ အာဏာရှင် စနစ် ကျဆုံးရေးအတွက် ကသာမြို့အပြင် ပုဂံဒေသမှာလည်း ကျိန်စာတိုက်တာတွေ၊ ယတြာချေတာတွေ ပြုလုပ်ကြတာကိုတွေ့ရပါတယ်။

Crd ; Voice Of Myanmar Media

Unicode … ကသာမြို့မှာ ဓါတ်ရိုက်ဓါတ်ဆင် ယတြာအစီအရင်ပြုလုပ်ပြီးမှ ဆန္ဒဖော်ထုတ်