Celebrity Local News

ချစ်သူရဲ့ မိသားစုဝင်ကအကြီးအကဲပိုင်းထဲကမို့ဖိအားတွေကြောင့် နှူတ်ဆိတ်နေရကြောင်းပြောလာတဲ့ အောင်ရဲလင်း

ချစ်သူရဲ့ မိသားစုဝင်ကအကြီးအကဲပိုင်းထဲကမို့ဖိအားတွေကြောင့် နှူတ်ဆိတ်နေရကြောင်းပြောလာတဲ့ အောင်ရဲလင်း

မင်းသားတွေထဲမှာ အရပ် ၆ ပေကျော်နဲ့ six pack နဲ့body ခပ်မိုက်မိုက်ကောင်လေးတစ်ယောက်ဖြစ် Model လောကရော သရုပ်ဆောင်ပိုင်းမှာနာမည်ကြီးအောင်မြင်နေတဲ့ ကိုအောင်ရဲလင်းဟာ ဟိုးအရင် က ကိုနိုင်းနိုင်းရဲ့ ရုပ်ရှင်တွေမှာဇာတ်ပို့ဇာတ်ရံ နေရာမှာ မြင့်မိုရ် ဆိုတဲ့ နာမည်နဲ့ အချိန်ကြာမြင့်စွာ သရုပ်ဆောင်ခဲ့သူပါ။

အောက်ခြေကနေခက်ခက်ခဲခဲနဲ့ ရုန်းကန်ပီး အောင်ရဲလင်းဆိုတဲ့ နာမည်တစ်လုံးကို အချိန်များစွာပေးဆပ်ပီး အောင်မြင်မှူ့ရရှိနေချိန်မှာ ချစ်သူဖြစ်သူ ရဲ့ မိသားစု အသိုင်းဝိုင်းကြောင့်နှုတ်ဆိတ်နေရပါတယ်။

အောင်ရဲလင်းကတော့ ပြည်သူတွေမမြင်ရတဲ့အသိုင်းဝိုင်းရဲ့ ဖိအားတွေအောက်မှာရင်ဆိုင်နေရတယ်လို့ နီးစပ်သူအသိုင်းဝိုင်းများကဆိုလာပါတယ်။

သူ့ရဲ့နာမည်ကို အနစ်မွန်းခံပီး ပေးဆပ်သွားတော့မှာလား CDM လုပ်ဖို့ကူညီတဲ့အထဲလည်းမပါအလှူအတန်းရော ဆန္ဒပြညီအစ်ကို မောင်နှစ်မတွေ သူ့ရဲ့အချစ်တော်ပိရိတ်သတ်တွေအတွက် ဘာဆိုဘာတစ်ခုမှရပ်တည်ချက်မပြနိုင် နောက်ဆုံး လက်သုံးချောင်းထောင်တဲ့ photo တောင်မတင်နိုင်လောက်အောင် ခပ်ဟော့ဟော့ခရိုနီအသိုင်းဝိုင်းရဲ့သမီးဖြစ်သူနဲ့ ဆွဲအားက ပရိတ်သတ်တွေရဲ့အချစ်တွေထက်များနေတာလားရုန်းမထွက်နိုင်အောင်ဖိအားတွေနဲ့ တုပ်နှောင်ခံလိုက်ရပီလား

အာင်ရဲလင်းရဲ့Speak outလုပ်မဲ့အခြေနေကိုပိရိတ်သတ်တွေစောင့်မျှော်လျှက်ရှိနေပါတယ် အောင်ရဲလင်းအမာခံပရိတ်သတ်လေးတွေတောင်းဆိုနေပါတယ် ဒီလိုအခြေအနေတွေဟာ ပရိတ်သတ်ကို အဖြူအမဲကွဲပြားအောင်မီးမောင်းထိုးပြလိုက်ခြင်းပေလား အခြေအနေဆိုးကြီးပီးသွားရင် ဘယ်လိုရပ်တည်ချက်နဲ့အနုပညာရှင်တွေကျန်ခဲ့မလဲစောင့်ကြည့်ရတော့မယ်။

Credit







Credit