Local News

အမျိုးသားတွေနဲ့တန်းတူ အရှေ့ထွက်လာပြီး ဒဏ်ရာရနေတဲ့ ပြည်သူတွေကိုဆေးအကူအညီပေးဖို့ အသင့်ရှိနေတဲ့ အမျိုးသမီးသူရဲကောင်းများ

အခုဆိုရင္ လူထုလႈပ္ရွားမႈျပဳလုပ္ေနတဲ့ ကာလအတြင္းမွာ အသက္ဆုံးရႈံးသြားတဲ့သူေတြ မ်ားျပားလာၿပီျဖစ္တာေၾကာင့္ ျပည္သူေတြက အရင္ကထက္ပိုၿပီး အင္တိုက္အားတိုက္နဲ႔ ႀကိဳးစားေနၾကတာ ျဖစ္ပါတယ္ ။ ရန္ကုန္ၿမိဳ႕အပါအဝင္ ျမန္မာႏိုင္ငံအႏွံ႔အျပားမွာ က်ဆုံးသြားတဲ့ ျပည္သူေတြစာရင္းက တျဖည္းျဖည္းနဲ႔ တိုးလာခဲ့တာ ျဖစ္ပါတယ္ ။

တာဝန္ကိုယ္စီယူၿပီး ကိုယ့္ႏိုင္ငံအတြက္ ႀကိဳးစားေနတဲ့သူေတြထဲမွာ အမ်ိဳးသမီးငယ္ေလးေတြလည္း ပါဝင္ေနတာ ျဖစ္ပါတယ္ ။အမ်ိဳးသမီးေတြကလည္း အမ်ိဳးသားေတြနဲ႔အတူ ရင္ေဘာင္တန္းၿပီး လူထုလႈပ္ရွားမႈေတြကို တက္တက္ႂကြႂကြ ျပဳလုပ္ေနၾကတာ ျဖစ္ပါတယ္ ။

ၿပီးခဲ့တဲ့ရက္ကလည္း အမ်ိဳးသမီးငယ္တစ္ခ်ိဳ႕က အႏၲရာယ္ေတြၾကားကေန ျပည္သူေတြကို Medical Cover လုပ္ေပးဖို႔ လမ္းေပၚကို ထြက္လာခဲ့တာ ျဖစ္ပါတယ္ ။ သူမတို႔ကေတာ့ အမ်ိဳးသားေတြနဲ႔တန္းတူ ရပ္တည္ၿပီး အေရွ႕ဆုံးကေန ျပည္သူေတြရဲ႕အသက္ကို ကယ္တင္ေပးမယ့္ သူရဲေကာင္းေတြပဲ ျဖစ္ၾကပါတယ္။

ဒီအမ်ိဳးသမီးငယ္ေလးေတြကေတာ့ ေန႔ခင္းပိုင္း ေနျခစ္ျခစ္ေတာက္ပူေနတဲ့အခ်ိန္မွာေတာင္ ေခြၽးတလုံးလုံးနဲ႔ မေမာႏိုင္မပမ္းႏိုင္ေအာင္ ေဆးအကူအညီေပးေနတဲ့သူေတြလည္း ျဖစ္ပါတယ္ ။ ဒါေၾကာင့္ ျပည္သူတစ္ဦးက သူမတို႔ရဲ႕လုပ္ရပ္ကို ေလးစားၿပီး ခ်ီးက်ဴးဂုဏ္ျပဳထားတာ ျဖစ္ပါတယ္ ။

ငယ္႐ြယ္ၿပီး ရဲရင့္တဲ့စိတ္ဓာတ္ကို ပိုင္ရွင္ထားတဲ့ အမ်ိဳးသမီးသူရဲေကာင္းေတြရဲ႕ပုံရိပ္ေတြကိုလည္း ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ရပါတယ္။

ယူနီကုတ္ျဖင့္ဖတ္ရန္

အခုဆိုရင် လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ကာလအတွင်းမှာ အသက်ဆုံးရှုံးသွားတဲ့သူတွေ များပြားလာပြီဖြစ်တာကြောင့် ပြည်သူတွေက အရင်ကထက်ပိုပြီး အင်တိုက်အားတိုက်နဲ့ ကြိုးစားနေကြတာ ဖြစ်ပါတယ် ။

ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားမှာ ကျဆုံးသွားတဲ့ ပြည်သူတွေစာရင်းက တဖြည်းဖြည်းနဲ့ တိုးလာခဲ့တာ ဖြစ်ပါတယ် ။ တာဝန်ကိုယ်စီယူပြီး ကိုယ့်နိုင်ငံအတွက် ကြိုးစားနေတဲ့သူတွေထဲမှာ အမျိုးသမီးငယ်လေးတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ် ။

အမျိုးသမီးတွေကလည်း အမျိုးသားတွေနဲ့အတူ ရင်ဘောင်တန်းပြီး လူထုလှုပ်ရှားမှုတွေကို တက်တက်ကြွကြွ ပြုလုပ်နေကြတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ကလည်း အမျိုးသမီးငယ်တစ်ချို့က အန္တရာယ်တွေကြားကနေ ပြည်သူတွေကို Medical Cover လုပ်ပေးဖို့ လမ်းပေါ်ကို ထွက်လာခဲ့တာ ဖြစ်ပါတယ် ။

သူမတို့ကတော့ အမျိုးသားတွေနဲ့တန်းတူ ရပ်တည်ပြီး အရှေ့ဆုံးကနေ ပြည်သူတွေရဲ့အသက်ကို ကယ်တင်ပေးမယ့် သူရဲကောင်းတွေပဲ ဖြစ်ကြပါတယ်။

ဒီအမျိုးသမီးငယ်လေးတွေကတော့ နေ့ခင်းပိုင်း နေခြစ်ခြစ်တောက်ပူနေတဲ့အချိန်မှာတောင် ချွေးတလုံးလုံးနဲ့ မမောနိုင်မပမ်းနိုင်အောင် ဆေးအကူအညီပေးနေတဲ့သူတွေလည်း ဖြစ်ပါတယ် ။ ဒါကြောင့် ပြည်သူတစ်ဦးက သူမတို့ရဲ့လုပ်ရပ်ကို လေးစားပြီး ချီးကျူးဂုဏ်ပြုထားတာ ဖြစ်ပါတယ် ။

ငယ်ရွယ်ပြီး ရဲရင့်တဲ့စိတ်ဓာတ်ကို ပိုင်ရှင်ထားတဲ့ အမျိုးသမီးသူရဲကောင်းတွေရဲ့ပုံရိပ်တွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။