Local News

မိခင် ဖြစ်သူကို အလွန် စိုးရိမ်နေ တာကြောင့် ဖုန်းပြော ခွင့်ပြုဖို့ တောင်းဆို လိုက်တဲ့ အမေစုရဲ့ သားငယ်လေး

မိခင် ဖြစ်သူကို အလွန် စိုးရိမ်နေ တာကြောင့် ဖုန်းပြော ခွင့်ပြုဖို့ တောင်းဆို လိုက်တဲ့ အမေစုရဲ့ သားငယ်လေး

ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ နိုင်ငံတော် အတို င်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဖုန်ပြော ခွင့်ပြုဖို့ သားအငယ် ဖြစ်သူ ကိုထိန်လင်း (ခေါ်) Dannian Kim Arundel Aris က တောင်းဆိုလိုက် ပါတယ်။ မတ် လ ၂၅ ရက်နေ့က ဗြိတိန်နို င်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်စွာမ င်းနဲ့ တွေ့ဆုံချိန်မှာ ကိုထိန်လင်းက မိခင်ဖြစ်သူနဲ့ ဖုန်းပြောဆို ခွင့်ပြုဖို့ သံအမတ်ကြီးကို တောင်းဆိုလိုက် တာလို့ ဗြိတိန် အ ခြေစိုက် မြန်မာ သံရုံးရဲ့ facebook စာမျက်နှာ ကနေ ထုတ်ပြန် ပါတ ယ်။ ကိုထိန်လင်းက မိခင်ဖြစ်သူ အတွက် အလွန်စိုးရိမ်လျှက်ရှိပြီး

လက်ရှိ မိခင်ရဲ့ အခြေအနေနဲ့ကျန်းမာ ရေးအခြေ အနေတွေ ကိုလည်း သံ အမ တ်ကြီး ဦးကျော်စွာမင်းကို မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ သံအမတ်ကြီး ဦကျော်စွာမင်း ဘက်က တော့ လက်ရှိ မြန်မာပြည် အခြေ အနေနဲ့ နေပြည်တော်ကို အကြောင်း ကြားစာသုံးခါ ရေးပို့ခဲ့ကြော င်းနဲ့ နောက် ထပ် အသိ ပေးစာ တစောင် ထပ်ရေး ဖို့ ပြင် ဆင် နေကြောင်း ကိုထိန်လင်း ကို ရှင်းပြခဲ့တယ် လို့ သံရုံးရဲ့ ထုတ် ပြန် ချက် ထဲမှာ ဖော် ပြထားပါတယ်။ ဒီနေ့ သံရုံးရဲ့ ထုတ်ပြန် ချက်နဲ့၊ စာသုံးစောင်မှာ ဘာတွေရေး သားပေးပို့ ခဲ့လဲဆိုတာ သိနိုင်ဖို့ သံအမတ်ကြီး ဦးကျော်စွာ မင်းကို RFA က ဆက်သွယ် နေဆဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မှာ Alexander Aris (ခေါ်) ကိုမြင့်ဆန်းအောင် နဲ့ Dannian Kim Arundel Aris (ခေါ်) ကိုထိန်လင်း ဆိုတဲ့ သား နှစ် ယောက်ရှိပါတယ်။ သားကြီးဖြစ်သူကိုမြင့်ဆန်းအောင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဆက်အသွယ် လုံးဝ မရှိဘူးလို့ လူအများက ယူဆ ကြပေမယ့်

သားငယ် ဖြစ်သူ ကိုထိန်လင်းနဲ့တော့ အဆက်အသွယ်ရှိပါတယ်။ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ ခုနှစ် နေအိမ်အကျယ် ချုပ်ကလွတ်တဲ့အ ချိန် မှာ သားငယ်ဖြစ်သူ ကိုထိန်လင်းဟာ မြန်မာနိုင်ငံထဲ ရောက်လာပြီး မိခင်ဖြစ်သူ နဲ့တွေ့ဆုံခဲ့ သလို အဲ့ဒီနောက်ပိုင်းဒေါ် အောင်ဆန်းစု ကြည် ရဲ့ ဗြိတိန်နဲ့ ဥရောပခရီးစဉ်တွေအတွင်းမှာလည်း တွေ့ဆုံမှုတွေရှိပါတယ်။ကရစ်ဒစ်

Zawgyi

မိခင္ ျဖစ္သူကို အလြန္ စိုးရိမ္ေန တာေၾကာင့္ ဖုန္းေျပာ ခြင့္ျပဳဖို႔ ေတာင္းဆို လိုက္တဲ့ အေမစုရဲ႕ သားငယ္ေလး

ဖမ္းဆီး ထိန္းသိမ္း ခံထားရတဲ့ ႏိုင္ငံေတာ္ အတို င္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ဖုန္ေျပာ ခြင့္ျပဳဖို႔ သားအငယ္ ျဖစ္သူ ကိုထိန္လင္း (ေခၚ) Dannian Kim Arundel Aris က ေတာင္းဆိုလိုက္ ပါတယ္။ မတ္ လ ၂၅ ရက္ေန႔က ၿဗိတိန္ႏို င္ငံ ဆိုင္ရာ ျမန္မာ သံအမတ္ႀကီး ဦးေက်ာ္စြာမ င္းနဲ႔ ေတြ႕ဆုံခ်ိန္မွာ ကိုထိန္လင္းက မိခင္ျဖစ္သူနဲ႔ ဖုန္းေျပာဆို ခြင့္ျပဳဖို႔ သံအမတ္ႀကီးကို ေတာင္းဆိုလိုက္ တာလို႔ ၿဗိတိန္ အ ေျခစိုက္ ျမန္မာ သံ႐ုံးရဲ႕ facebook စာမ်က္ႏွာ ကေန ထုတ္ျပန္ ပါတ ယ္။ ကိုထိန္လင္းက မိခင္ျဖစ္သူ အတြက္ အလြန္စိုးရိမ္လွ်က္ရွိၿပီး

လက္ရွိ မိခင္ရဲ႕ အေျခအေနနဲ႔က်န္းမာ ေရးအေျခ အေနေတြ ကိုလည္း သံ အမ တ္ႀကီး ဦးေက်ာ္စြာမင္းကို ေမးျမန္းခဲ့တယ္လို႔ ဆိုပါတယ္။ သံအမတ္ႀကီး ဦေက်ာ္စြာမင္း ဘက္က ေတာ့ လက္ရွိ ျမန္မာျပည္ အေျခ အေနနဲ႔ ေနျပည္ေတာ္ကို အေၾကာင္း ၾကားစာသုံးခါ ေရးပို႔ခဲ့ေၾကာ င္းနဲ႔ ေနာက္ ထပ္ အသိ ေပးစာ တေစာင္ ထပ္ေရး ဖို႔ ျပင္ ဆင္ ေနေၾကာင္း ကိုထိန္လင္း ကို ရွင္းျပခဲ့တယ္ လို႔ သံ႐ုံးရဲ႕ ထုတ္ ျပန္ ခ်က္ ထဲမွာ ေဖာ္ ျပထားပါတယ္။ ဒီေန႔ သံ႐ုံးရဲ႕ ထုတ္ျပန္ ခ်က္နဲ႔၊ စာသုံးေစာင္မွာ ဘာေတြေရး သားေပးပို႔ ခဲ့လဲဆိုတာ သိႏိုင္ဖို႔ သံအမတ္ႀကီး ဦးေက်ာ္စြာ မင္းကို RFA က ဆက္သြယ္ ေနဆဲ ျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ မွာ Alexander Aris (ေခၚ) ကိုျမင့္ဆန္းေအာင္ နဲ႔ Dannian Kim Arundel Aris (ေခၚ) ကိုထိန္လင္း ဆိုတဲ့ သား ႏွစ္ ေယာက္ရွိပါတယ္။ သားႀကီးျဖစ္သူကိုျမင့္ဆန္းေအာင္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ဟာ အဆက္အသြယ္ လုံးဝ မရွိဘူးလို႔ လူအမ်ားက ယူဆ ၾကေပမယ့္

သားငယ္ ျဖစ္သူ ကိုထိန္လင္းနဲ႔ေတာ့ အဆက္အသြယ္ရွိပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ ၂၀၁၀ ခုႏွစ္ ေနအိမ္အက်ယ္ ခ်ဳပ္ကလြတ္တဲ့အ ခ်ိန္ မွာ သားငယ္ျဖစ္သူ ကိုထိန္လင္းဟာ ျမန္မာႏိုင္ငံထဲ ေရာက္လာၿပီး မိခင္ျဖစ္သူ နဲ႔ေတြ႕ဆုံခဲ့ သလို အဲ့ဒီေနာက္ပိုင္းေဒၚ ေအာင္ဆန္းစု ၾကည္ ရဲ႕ ၿဗိတိန္နဲ႔ ဥေရာပခရီးစဥ္ေတြအတြင္းမွာလည္း ေတြ႕ဆုံမႈေတြရွိပါတယ္။ကရစ်ဒစ်