Local News

စား၀တ်နေရေးအခက်အခဲဖြစ်နေတဲ့ သာကေတကအဖိုးအဖွားတွေအတွက် စားသောက်ကုန်တွေကို သွားရောက်လှူဒါန်းခဲ့တဲ့ နေဒွေး

ချစ်လှစွာသော ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ သရုပ်ဆောင်မင်းသားချောနေဒွေးကတော့ လတ်တလောအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း လှူဒါန်းမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါတယ်..။ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက် အဖြစ် ရပ်တည်နေတဲ့ နေဒွေးကတော့ စီးပွားရေး လုပ်ငန်းတွေကိုလည်း တစိုက်မတ်မတ်လုပ်နေပြီး အလှူအတန်းတွေမှာလည်း ပြည်သူတွေအတွက် အမြဲအားပေးကူညီနေတာ လည်း တွေ့ရပါတယ်..။

အမြဲတမ်းလိုလိုလှူဒါန်းမှုတွေပြုလုပ်နေတဲ့ သရုပ်ဆောင်မင်းသားချောလေး နေဒွေးကတော့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ အဖိုးအဖွားပြည်သူတွေအတွက်လည်း စားနပ်ရိက္ခာတွေ ပေးဝေလှူဒါန်းကာ ကုသိုလ်ယူခဲ့ပြန်ပါတယ်..။ သာကေတမြို့နယ်မှာရှိတဲ့ စားဝတ်နေရေးခက်ခဲနေကြတဲ့ သက်ကြီးရွယ်အိုအဖိုးအဖွားတွေအတွက် ဆန်၊ ဆီနဲ့ အခြား စားသောက်ကုန်တွေအပြင် အလှူငွေတွေလည်းလှူဒါန်းခဲ့တာဖြစ်ပြီး အလှူကိုလည်း အသိပေးဝေမျှထားပါသေးတယ်..။

“ ဤနေ့ကုသိုလ်သာကေတမြို့နယ်တွင်းရှိ စားဝတ်နေရေးခက်ခဲနေသော သက်ကြီးရွယ်အိုဘို းဘွားများအတွက် ဆန် , ဆီ ,ခေါက်ဆွဲခြောက် ,လက်ဖက်,ငါးသေတ္တာ ,ကိတ်မုန့်များ နှင့် လိုအပ်တာသုံးဖို့ ငွေသား ၃၀၀၀၀ ကျပ် တို့ကို BTZ လူငယ်အဖွဲ့နှင့်အတူလှုဒါန်းပေးခဲ့ပါတယ်ခင်ဗျ ဤကုသိုလ်သည် JITTOO အော်ဂန်းနစ်ဆန်များကိုဝယ်ယူအားပေးကြတဲ့ ချစ်သောပရိသတ်များအားလုံးစုပေါင်းအလှုဖြစ်ပါတယ်ခင်ဗျ ” ဟုဆိုပြီး သူ့ရဲ့အလှူလေးကို ဝေမျှထားတာပါ..။ အဖိုးအဖွားတွေ အတွက်လည်း ဖေးမကူညီမှုလေးတွေနဲ့ တတ်နိုင်သလောက် လှူဒါန်းနေတဲ့ နေဒွေးရဲ့ကုသိုလ်အလှူ ပုံရိပ်လေးတွေ ကိုလည်း ပရိသတ်တွေက သာဓုခေါ်ဆုတောင်းပေးထားကြတာ တွေ့ရပါ တယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း
သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit