Celebrity Local News
ပြည်သူလူထုတွေကို ကူညီနိုင်ဖို့အတွက် လူမှုကယ်ဆယ်ရေးအသင်းကို ဆေးပစ္စည်းနဲ့အခြားလိုအပ်တဲ့အရာတွေကို လှူဒါန်းခဲ့တဲ့ အေး၀တ်ရည်သောင်း
Credit
ပရိသတ်ကြီးရေ.. မအေးသောင်း လို့အများက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးအေးဝတ်ရည်သောင်းကတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက ပြည်သူတွေအားလုံးနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာပြုလုပ်ပါဝင်နေသူပဲ ဖြစ်ပါတယ်..။ မအေးသောင်းကတော့ စစ်ဘေးရှောင်ပြည်သူတွေ နဲ့ မီးဘေးသင့်ပြည်သူတွေအပြင် လက်ရှိအခြေအနေတွေကြောင့် အခက်အခဲတွေအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေကြရသူတွေကိုလည်း ဖေးမကူညီပြီး လှူဒါန်းမှုတွေ ပြုလုပ်နေတာလည်း တွေ့ရပါတယ်..။
ပြည်သူတွေအတွက် အဖက်ဖက်ကနေ တတ်နိုင်သလောက် အားဖြည့်ပါဝင်နေတဲ့ မအေးသောင်းကတော့ အခုတစ်ခါမှာလည်း လိုအပ်နေတဲ့ပြည်သူတွေကိုကူညီနိုင်ဖို့အတွက် လူမှုကယ်ဆယ်ရေးအသင်းကို ဆေးဝါးနဲ့အခြားပစ္စည်းတွေ လှူဒါန်းခဲ့ပြန်ပါတယ်..။ ရရက်သားသမီးပြည်သူတွေလှူဒါန်းထားတာတွေ နဲ့ မန္တလေးမြို့က ချမ်းအေးသာစံလူမှုကယ်ဆယ်ရေးအသင်းမှာ လိုအပ်တာတွေကို ပြည်သူတွေကိုယ်စားလှူဒါန်းပြီး ကာယဒါနပြုခဲ့တဲ့ပုံရိပ်တွေကိုလည်း မအေးသောင်းက ဝေမျှထားတာ ဖြစ်ပါတယ်..။
Betadine စသည့်ဆေးပစ္စည်းများ နှင့် အခြားလိုအပ်သည်များ စုစုပေါင်း ၈ သိန်းဖိုးအား ချမ်းအေးသာစံလူမှုကယ်ဆယ်ရေးအသင်းအားပြည်သူများကိုယ်စား ကာလဒါနလှူဒါန်းခဲ့ပါသည်။ ..” ဆိုပြီး အလှူအကြောင်းကို ပြောပြထားပါ..။ လိုအပ်နေတဲ့နေရာတွေကို လိုအပ်သလိုကူညီလှူဒါန်းနေတဲ့ အေးဝတ်ရည်သောင်း ရဲ့ အလှူပုံရိပ်တွေကိုလည်း ပရိသတ်တွေကသာဓုခေါ်ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။
Photo Credit – Aye Thaung’s Fb Acc
Credit