Celebrity Local News

သူမမိသားစုကိုပါပြည်ပထွက်ခွာခွင့်ပိတ်ခံလိုက်ရတဲ့အပြင် သူမကို နိုင်ငံတော်ပုန်ကန်မှုအပါအဝင် ဆက်စပ်မှု (၃)ခုနဲ့ဖမ်းဝရမ်းထုတ်ခံထားရတဲ့ MISS GRAND MYANMAR ကိုယ်စားပြု အလှမယ်ဟန်လေး

သူမမိသားစုကုိပါျပည္ပထြက္ခြာခြင့္ပိတ္ခံလုိက္ရတဲ့အျပင္ သူမကုိ ႏုိင္ငံေတာ္ပုန္ကန္မႈအပါအဝင္ ဆက္စပ္မႈ (၃)ခုနဲ႔ဖမ္းဝရမ္းထုတ္ခံထားရတဲ့ MISS GRAND MYANMAR ကိုယ္စားျပဳ အလွမယ္ဟန္ေလး

ပရိသတ္ႀကီးေရ Miss Grand Myanmar 2020 winnerဆုရွင္ အလွမယ္ ဟန္ေလးက လက္ရွိျဖစ္ေပၚေနတဲ့ ျမန္မာနိုင္ငံက အ ေၾကာင္း အ ရာ ေတြ ကို ကမၻာတစ္ဝန္းက ၾကည့္ရႈသူ သန္းနဲ႔ခ်ီတဲ့ လူထုထံ ခ်ျပနိုင္ခဲ့သူတစ္ေယာက္ပါ။ ကိုယ္က်ိဳးကို မငဲ့ပဲ ျမန္မာနိုင္ငံအတြင္း ျဖစ္ ေပၚ ေနတာေတြကို အမ်ားသိဖို႔အတြက္ Miss Grand International စင္ျမင့္ထက္မွာ ရဲဝံ့စြာ ေျပာျပခဲ့ သူတစ္ေယာက္ပါ။

အခုလို သတင္းဌာနေတြပိတ္ထားတဲ့အခ်ိန္မွာလည္း ဟန္ေလးက နိုင္ငံတကာကိုေန႔စဥ္သတင္းမေရာက္နိုင္မွာစိတ္ပူေနၾကတဲ့ျပည္သူ ေတြ အ တြက္ ျမန္မာနိုင္ငံအတြင္း ေန႔စဥ္ျဖစ္ပ်က္ေနတာေတြကို ထိုင္း Media ကေနတဆင့္ သိခြင့္ရေအာင္ ျပန္လည္ မၽွေဝသူပါ။

ၿပီးခဲ့တဲ့ မတ္လ ၂၇ ရက္ေန႔တုန္းက ထိုင္းနိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ အလွမယ္ ေရြးခ်ယ္ပြဲ ေနာက္ဆုံး ဖိုင္နယ္မွာ ဆန္ခါတင္ အ ေယာက္ ၂၀ စာရင္းအထိ ပါဝင္ခဲ့တဲ့ အလွမယ္ ဟန္ေလးဟာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းမႈေနာက္ပိုင္း ဆႏၵျပပြဲ အေၿခ အေန ေတြကို ၿပိဳင္ပြဲ စင္ျမင့္ထက္မွာ ကမၻာသိေအာင္ ထုတ္ေဖာ္ ေျပာဆိုခဲ့ၿပီးတဲ့ေနာက္ လူေျပာမ်ားလာခဲ့သူ ျဖစ္ပါတယ္။

ျမန္မာစစ္တပ္ဟာ ျပည္သူေတြအေပၚ အၾကမ္း+ဖက္မႈနဲ႔ အသုံးခ်ေနတာေတြကို ရပ္သင့္တယ္လို႔ အလွမယ္ ဟန္ေလးက ေျပာဆိုခဲ့ၿပီး၊ အဲဒီ ေျပာခဲ့တဲ့ စကားေတြေၾကာင့္ သူျမန္မာျပည္ကို ျပန္တဲ့အခါ သူကိုယ္တိုင္နဲ႔ သူ႔ရဲ့ မိသားစု ျပစ္ဒဏ္ ေပးခဲ့ရနိုင္ေခ် ရွိေနတယ္လို႔လည္း ဆိုၾက ပါတယ္။

ယေန႔မွာေတာ့ Miss Grand International Myanmar ဟန္ေလး (ခ) ေသာ္နႏၵာေအာင္ ကို ပုဒ္မ ၁၂၂၊၅၀၅ ခ ၊ ၃၃ တို႔နဲ႔ဖမ္းဝရမ္း ထုတ္ ထားတယ္လို႔သိရပါတယ္။ အလွမယ္ ဟန္ေလးကို ထိုင္းနိုင္ငံ ဘန္ေကာက္သို႔ Miss Grand Internationalၿပိဳင္ပြဲဝင္ရန္ ေစလႊတ္ေသာ သက္ ဆိုင္သူ ပတ္သက္သူ အားလုံးအား ထိေရာက္စြာအေရးယူေဆာင္ရြက္မွာ ျဖစ္ၿပီး မိသားစုဝင္မ်ားကိုလည္း ျပည္ပထြက္ခြာခြင့္မျပဳ ေတာ့ဘူးလို႔ သိရပါတယ္။

Source & Photo credit – Han Lay’s Facebook Account
crd

Unicode

သူမမိသားစုကိုပါပြည်ပထွက်ခွာခွင့်ပိတ်ခံလိုက်ရတဲ့အပြင် သူမကို နိုင်ငံတော်ပုန်ကန်မှုအပါအဝင် ဆက်စပ်မှု (၃)ခုနဲ့ဖမ်းဝရမ်းထုတ်ခံထားရတဲ့ MISS GRAND MYANMAR ကိုယ်စားပြု အလှမယ်ဟန်လေး

ပရိသတ်ကြီးရေ Miss Grand Myanmar 2020 winnerဆုရှင် အလှမယ် ဟန်လေးက လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံက အ ကြောင်း အ ရာ တွေ ကို ကမ္ဘာတစ်ဝန်းက ကြည့်ရှုသူ သန်းနဲ့ချီတဲ့ လူထုထံ ချပြနိုင်ခဲ့သူတစ်ယောက်ပါ။ ကိုယ်ကျိုးကို မငဲ့ပဲ မြန်မာနိုင်ငံအတွင်း ဖြစ် ပေါ် နေတာတွေကို အများသိဖို့အတွက် Miss Grand International စင်မြင့်ထက်မှာ ရဲဝံ့စွာ ပြောပြခဲ့ သူတစ်ယောက်ပါ။

အခုလို သတင်းဌာနတွေပိတ်ထားတဲ့အချိန်မှာလည်း ဟန်လေးက နိုင်ငံတကာကိုနေ့စဉ်သတင်းမရောက်နိုင်မှာစိတ်ပူနေကြတဲ့ပြည်သူ တွေ အ တွက် မြန်မာနိုင်ငံအတွင်း နေ့စဉ်ဖြစ်ပျက်နေတာတွေကို ထိုင်း Media ကနေတဆင့် သိခွင့်ရအောင် ပြန်လည် မျှဝေသူပါ။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့တုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ အလှမယ် ရွေးချယ်ပွဲ နောက်ဆုံး ဖိုင်နယ်မှာ ဆန်ခါတင် အ ယောက် ၂၀ စာရင်းအထိ ပါဝင်ခဲ့တဲ့ အလှမယ် ဟန်လေးဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဆန္ဒပြပွဲ အခြေ အနေ တွေကို ပြိုင်ပွဲ စင်မြင့်ထက်မှာ ကမ္ဘာသိအောင် ထုတ်ဖော် ပြောဆိုခဲ့ပြီးတဲ့နောက် လူပြောများလာခဲ့သူ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် အကြမ်း+ဖက်မှုနဲ့ အသုံးချနေတာတွေကို ရပ်သင့်တယ်လို့ အလှမယ် ဟန်လေးက ပြောဆိုခဲ့ပြီး၊ အဲဒီ ပြောခဲ့တဲ့ စကားတွေကြောင့် သူမြန်မာပြည်ကို ပြန်တဲ့အခါ သူကိုယ်တိုင်နဲ့ သူ့ရဲ့ မိသားစု ပြစ်ဒဏ် ပေးခဲ့ရနိုင်ချေ ရှိနေတယ်လို့လည်း ဆိုကြ ပါတယ်။

ယနေ့မှာတော့ Miss Grand International Myanmar ဟန်လေး (ခ) သော်နန္ဒာအောင် ကို ပုဒ်မ ၁၂၂၊၅၀၅ ခ ၊ ၃၃ တို့နဲ့ဖမ်းဝရမ်း ထုတ် ထားတယ်လို့သိရပါတယ်။ အလှမယ် ဟန်လေးကို ထိုင်းနိုင်ငံ ဘန်ကောက်သို့ Miss Grand Internationalပြိုင်ပွဲဝင်ရန် စေလွှတ်သော သက် ဆိုင်သူ ပတ်သက်သူ အားလုံးအား ထိရောက်စွာအရေးယူဆောင်ရွက်မှာ ဖြစ်ပြီး မိသားစုဝင်များကိုလည်း ပြည်ပထွက်ခွာခွင့်မပြု တော့ဘူးလို့ သိရပါတယ်။

Source & Photo credit – Han Lay’s Facebook Account
crd