Celebrity Local News

မျှော်လင့်ချက် တွေနဲ့စည်းလုံးမှူ ကခိုင်မာပြီး သားမို့ အောင်မြင်ခြင်းဟာ ကိုယ်တွေ လက်ထဲမှာပဲရှိတယ်လို့ဆိုလာတဲ့ သရုပ်ဆောင် ဒေါင်း

မင်္ဂလာပါ ပရိသတ်ကြီးရေသရုပ်ဆောင် ဒေါင်းကတော့ မြန်မာနိုင်ငံ တွင် လက်ရှိ ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပူးပေါင်း ပါဝင်ခဲ့သူ ဖြစ်ပါတယ် ပြည်သူတွေနဲ့အတူရပ်တည်ချက် ခိုင်မာစွာဖြင့်တစ်သွေးတည်း တစ်သားတည်း ပါဝင်ခဲ့တာကြောင့် ပရိသတ်တွေ အားလုံးက ဒေါင်းရဲ့ဆုံးဖြတ် ချက် ခိုင်မာမှုအတွက် လေးစား ဂုဏ်ယူနေကြတာ ဖြစ်ပါတယ် လူထုလှုပ်ရှားမှုတွေ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို ခံထားရတာ ဖြစ်ပါတယ်…။

ဒေါင်းကတော့ လတ်တလောအခြေအနေ အရပ်ရပ်ကြောင့် ခေတ္တခဏ တိမ်းရှောင်နေတာ ဖြစ်ပါတယ် ပရိသတ်တွေ ကလည်း ဒေါင်းရဲ့ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်နေကြတာပါ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ရင်ထဲမှ လာတဲ့ ခံယူချက်တွေ ကို ရေးသားဝေမျှပေးနေတာ ဖြစ်ပါတယ် မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူ့ရဲ့ Facebook page တွင် စည်းလုံးမှု နဲ့မျှော်လင့်ချက်တွေ ခိုင်မာပြီးသားမို့ အောင်မြင်ခြင်းဟာ ကိုယ်တွေလက်ထဲ မှာပဲရှိတဲ့ အကြောင်းကို ရေးသားလာတာ ဖြစ်ပါတယ်…။

သူကလည်းလမ်းနှစ်ခုပဲရှိတယ်ဓမ္မနဲ့အဓမ္မငါတို့သွားနေတာအမှန်တရားလမ်းတို့တွေရဲ့အောင်မြင်ခြင်းတို့တွေလက်ထဲမှာပဲရှိတယ်စည်းလုံးမှုနဲ့မျှော်လင့်ချက်ခိုင်မာပြီးသား။” ဆိုပြီး ရေးသား ထားတာ ဖြစ်ပါတယ် ပရိသတ်တွေကလည်း အရေးတော်ပုံမုချအောင်မြင်ရမည်ဆိုပြီး အားတက်ဖွယ် comment များ ရေးသားထားကြတာဖြစ်ပြီး အားလုံးလည်း သိရှိနိုင်စေရန်အတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူ တင်ဆက် ပေးလိုက် ရပါတယ်နော်…။

Source and Photo Crd-Daung’s Facebook page

Unicode




Source and Photo Crd-Daung’s Facebook page