Celebrity Local News

သူမထံခြိမ်းခြောက်ဖုန်းဆက်မှုတွေ ဆက်တိုက်ပြုလုပ်ခံနေရပြီး နာမည်ဖျက်ဖို့ကြိုးစားနေတဲ့ မသာမာသူတစုကြောင့် ပရိတ်သတ်ကို အကူညီတောင်းလာတဲ့ မေပန်းချီ

သူမထံခြိမ်းခြောက်ဖုန်းဆက်မှုတွေ ဆက်တိုက်ပြုလုပ်ခံနေရပြီး နာမည်ဖျက်ဖို့ကြိုးစားနေတဲ့ မသာမာသူတစုကြောင့် ပရိတ်သတ်ကို အကူညီတောင်းလာတဲ့ မေပန်းချီ

ပရိတ်သတ်ကြီးရေ…ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မေပန်းချီဟာဆိုရင် ရုပ်ရှင်ဇာတ်ကောင်းပေါင်းများစွာကို ရိုက်ကူးထားတဲ့အပြင်ဗီဒီယိုဇာတ်ကားတွေကိုလည်း ကျရာဇြတ်ရုပ်မှာပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်နော်..။ခန္ဓာကိုယ်အချိူးအစားမိမိုက်လွန်းတဲ့မေပန်းချီက ယောကျာ်းလေးပရိတ်သတ်များစွာရဲ့အားပေးချစ်ခင်မှုကိုရရှိထားတဲ့အပြင် မိန်းကလေးပရိတ်သတ်တွေကပါ သူမရဲ့ခန္ဓာကိုယ်အချိုးအစားပြေပြစ်မှုကိုအားကျနေကြတာပဲဖြစ်ပါတယ်နော်။

မေပန်းချီက အခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာ ပြည်သူလူထုနဲ့အတူ ဓမ္မဘက်ကရပ်တည်ခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်နော်။သူမက နွေဦးတော်လှန်ရေးရဲ့လူထုလှုပ်ရှားမှာလည်းတက်တက်ကြွကြွပါဝင်ခဲ့တဲ့အတွက် ပရိတ်သတ်တွေကလည်းဂုဏ်ယူနေခဲ့တာပဲဖြဟ်ပါတယ်။ခုလက်ရှိမှာဆိုရင်လည်း မေပန်းချီကို မသာမာသူတစ်ချို့ရဲ့ခြိမ်းခြောက်စာပို့တာတွေကို ခံနေရတဲ့အတွက် ပရိတ်သတ်တွေကသူမရဲ့လုံခြုံရေးကိုအထူးစိုးရိမ်နေကြတာပဲဖြစ်ပါတယ်။သူမကိုဖမ်းမိပါက မတော်မတရားစော်ကားမယ်ဆိုပြီးခြောက်စာတွေပို့ခဲ့တာကိုလည်း ခံခဲ့ရပါသေးတယ်နော်။။။

အဲ့ဒီလိုတွေကြေုံတွေနေရတဲ့ မေပန်းချီမှာ ပရိတ်သတ်တွေမသိသေးတဲ့ ခြိမ်းခြောက်မှုတွေအပြင် လုပ်ကြံနာမည်ဖျက်တာတွေ အစွပ်စွဲခံရတာကိုလည်း နေ့စဉ်ဆက်တိုက်ကြုံတွေ့နေရတာပဲဖြစ်ပါတယ်နော်။ဒီအကြောင်းနဲ့ပတ်သက်ပြီး ပန်းချီကပရိတ်သတ်ကြီးကို သူမကြုံတွေနေရတဲ့အကြောင်းအရာတွေကို အခုလိုရင်ဖွင့်ပြောပြထားပြီးအကူအညီလည်းတောင်းထားပါသေးတယ်နော်။

အဲ့ဒါကတော့ “ကျွန်မ အခြိမ်းခြောက်ခံထားရပါတယ် ရှင့် ထို့ကြောင့် ဒီရက် ပိုင်း လုပ်ကြံ S S တွေ လုပ်ကြံ ပိုစ့် တွေ လုပ်ကြံပြီးနာမည်ဖျတ်တာတွေ ပြည်သူတွေအထင်လွှဲအောင်လုပ်မှာတွေ ရှိကောင်းရှိလာပါလိမ့်မယ် ထို့ကြောင့် တစ်စုံတစ်ရာ အထင်လွှဲစရာများရှိခဲ့ပါ က ခြိမ်းခြောက်ထားတဲ့ အသံတွေ ကျမ တင်ပါ့မယ်ထို့နောက် ကိုယ်နဲ့မဆိုင်ပဲ ပြန့်နေတဲ့တခြားသူရဲ့ သတင်းတွေ အပေါ်မှာလဲ ကျွန်မ လုပ်ပါတယ်လို့အစွပ်ဆွဲခံထားရပါတယ်

ဒါကြောင့် (၇)ရက်သားသမီးများအား ကြိုတင်အသိပေးထားတာပါ ထို့ကြောင့် တစ်ခုခု ဖြစ်ခဲ့ရင် ဓမ္မသာ အနိုင်ရပါစေ ဖြစ်နိုင်ရင်အများပြည်သူတွေပါ သိထားရအောင် share ပေးထားပါရှင့် ပြည်သူတွေကို ဒီတစ်ခါပဲ အကူအညီတောင်းတာပါ ပန်းချီအကောင့် အပိတ်ခံထားရလို့ပါ ” ဆိုပြီး သူမရဲ့ Page ကနေတစ်ဆင့်ပရိတ်သတ်ကိုအကူအညီတောင်းထားတာပဲဖြဟ်ပါတယ်နော်…။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီါ်ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နော်…။

Source ; May Panche Facebook Page
crd Celebrity Platforms