Knowledge

စံပယ်၊နှင်းဆီ အပွင့်များများပွင့်အောင်စိုက်ပျိုးနည်း

စံပယ်၊နှင်းဆီ အပွင့်များများပွင့်အောင်စိုက်ပျိုးနည်း

(1) နှင်းဆီအကြောင်း

အလှပန်းအိုးနဲ့စိုက်တာပဲဖြစ်ဖြစ် မြေမှာချစိုက်တာပဲဖြစ်ဖြစ် မြေဩဇာကို တစ်လတခါ တစ်လခွဲတခါ ပုံမှန်ကျွေးပေးရပါတယ်။

မြေဩဇာ ပုံမှန်ကျွေးမပေးလို့ အဖူး အပွင့်သေးသွားတယ် အပင် ထပ်ပြီး မကြီးထွားဘူး အဲ့ဒီလိုမျိုးလည်း ဖြစ်တတ်ပါတယ်။

ဝယ်တဲ့အချိန်မှာ အပွင့် အဖူးကြီးတယ် အပင်တွေသန်တယ်ဆိုတာက ကျနော်တို့ ဒီမှာ ကျွေးပေးထားတဲ့ ဓါတ်မြေဩဇာ အရှိန်နဲ့ပါ

ဒီမှာက ၃ပတ် တခါ ၁လတ‌ခါလောက် အပင်တွေကို ဓါတ်မြေဩဇာ ‌ကျွေးပေးကြပါတယ်၊ ဓါတ်မြေဩဇာ အနေနဲ့က အာမို/နိုက်ထရိုဖော်စကာ 15:15:15 ကို သုံးပါတယ်)

– နောက်တခုကအလှပန်းအိုးနဲ့ စိုက်တဲ့အခါမှာ နုန်း ဒါမှမဟုတ် မြေကြီးသက်သက်ချည်းပဲ ထည့်ရင်လည်း မြေကြပ်ပြီး အမြစ်ကောင်းကောင်း အလုပ်မလုပ်နိုင်တဲ့အတွက်အပွင့် အဖူးသေးတတ်ပါတယ်။

တခါတခါ အပင်တောင် သေသွားတတ်ပါတယ်။ နုန်း/မြေကြီး ကို ဖွဲပြာ/စပါးခွံ/မြေပဲခွံ တမျိုးမျိုးနဲ့ရောစပ်ပြီးထည့်ပေးရပါတယ်။

(နုန်း/မြေကြီး ၁ဆ ဖွဲပြာ ၂ဆ ၁ဆ ၂ဆ ၁ဆ ၃ဆ ၁ဆ ၄ဆ အဆင်ပြေသလိုရောစပ်ပြီး အသုံးပြုနိုင်ပါတယ်)

နောက်တခုက – လောင်းရိပ် အပင်တွေက လောင်းရိပ်/အရိပ်အောက် မကြိုက်ပါဘူး။

#နေရောင်ရမှ အစာချက်နိုင်တာပါ။ လောင်းရိပ်/အရိပ်အောက် ရောက်နေရင်လည်း အပွင့်အဖူးသေးပြီး အပင်မကြီးထွားတတ်ပါဘူး။

(‌နှင်းဆီပင်ကို နေပူမှာစိုးပြီး အရိပ်အောက်မှာပဲ ထား ထားတာကို တွေ့ဖူးခဲ့ပါတယ်)

ခြုံငုံပြီး ပြောမယ်ဆိုရင် အပင်ကို အလှပန်းအိုးနဲ့စိုက်တာပဲဖြစ်ဖြစ် မြေကြီးမှာချစိုက်တာပဲဖြစ်ဖြစ် မြေဩဇာကို တစ်လ တခါ တစ်လခွဲ တခါလောက် ပုံမှန်ကျွေးပေးရပါတယ်။

အပင်ကို အလှပန်းအိုးနဲ့ထည့်စိုက်မယ်ဆိုရင် နုန်း/မြေကြီးနဲ့ ဖွဲပြာ/စပါးခွံ/မြေပဲခွံ တမျိုးမျိူးတို့ကိုရောစပ်ပြီးထည့်ပေးရပါတယ်။

အပင်ကို လောင်းရိပ်/အရိပ်အောက်မှာ မထားပဲေ နရောင်ရတဲ့နေရာမှာသာ ထားပေးရပါတယ်။

(2)စံပယ်အကြောင်း

“စံပယ်ပန်း အပွင့်များများပွင့်အောင် စိုက်နည်းနှင့် ယခုလို စံပယ်ပေါချိန်တွင် စံပယ်ပန်းခြောက် ရေနွေးကြမ်း ပြုလုပ်နည်း”

၁။ စံပယ်ပင်လေးတွေ စိုက်တော့မယ်ဆိုရင် အိုးနဲ့စိုက်မှာလား၊ မြေမှာ ချပြီးစိုက်မှာလား ရွေးပါ။ အိုးနဲ့စိုက်မယ်ဆိုရင်လည်း အိုးက ရေမဝပ်အောင် အောက်ခြေမှာ အပေါက်လေးတွေပါတဲ့အိုးနဲ့ စိုက်ပါ။ မြေမှာ စိုက်မယ်ဆိုရင်လည်း ရေမဝပ်နိုင်တဲ့နေရာမှာ စိုက်ပေးပါ။

၂။ စံပယ်ပင်လေးတွေဟာ နေရောင်ကြိုက်ပါတယ်။ အလင်းရောင် ကောင်းကောင်းရတဲ့ နေရာမှာ စိုက်ပါ။

၃။ စံပယ်ပင်လေးတွေကို တစ်နေ့တစ်ကြိမ် ရေလောင်းပါ။ ရေလောင်းတဲ့ အခါမှာ အောက်ခြေ မြေကြီးကိုပဲ လောင်းပါ။ သစ်ရွက်လေးတွေကို ရေမစိုပါစေနဲ့။ စံပယ်ရွက်လေးတွေကို ရေစိုသွားရင် နေရောင်နဲ့ထိတဲ့အခါမှာ အရွက်လေးတွေ ပုပ်သွား တတ်ပါတယ်။

၄။ စံပယ်မျိုးစိတ်အများစုက နွယ်တက် တတ်ပါတယ်။ စံပယ်ပင်နားမှာ တိုင်လေးဖြစ်ဖြစ်၊စင်လေးဖြစ်ဖြစ် ထားပေးပါ။

၅။ စံပယ်ပွင့်လေးတွေ အမြဲတမ်း ဝေနေစေချင်ရင် တစ်လတစ်ခါလောက်တော့ မြေသြဇာသုံးပေးပါ။ ပျိုးပင်ဆိုင်လေးတွေမှာ စံပယ်ပင်အတွက် မြေသြဇာ ဝယ်နိုင်ပါတယ်နော်။

၆။ စံပယ်ပင်လေးတွေကို ကိုင်းညှပ်ပေးပါ။ မခူးဖြစ်တဲ့ အပွင့်ခြောက်တွေ၊ အရွက်ခြောက်တွေ၊ ကိုင်းခြောက်တွေကို ကတ်ကြေးနဲ့ ညှပ်ပါ။ သတိထားရမှာက ပန်းပွင့်နေချိန်မှာ ကိုင်းမညှပ်ပါနဲ့။ ပန်းပွင့်နှုန်း လျော့သွားတတ်လို့ပါ။

၇။ အပြင်မှာ ရာသီဥတုအရမ်းအေးလွန်းရင် စံပယ်ပင်လေးကို အိမ်ထဲရွှေ့ထားပါ။ မြေမှာချ စိုက်ထားတယ်ဆိုရင် အပင်ခြေနားတဝိုက်ကို ကောက်ရိုးလေးတွေ ပုံထားပေးပါ။

၈။ ရာသီဥတုပူလွန်းရင်လည်း စံပယ်ပင်လေးတွေ ပူပြီးခြောက်မသွားအောင် ရေမကြာခဏ လောင်းပေးပါ။

၉။ သင့်စံပယ်ပင်လေးတွေ အပွင့်မပွင့်တာကြာပြီ၊ အရွက်ကြမ်းတွေပဲ ထွက်နေတယ် ဆိုရင် မြေကြီး ထဲကို Nitrogen မြေသြဇာလေး ထည့်ပေးပါ။ ပြီးရင် အပေါ်ကပြောခဲ့တဲ့ အချက်တွေနဲ့ ကိုက်ညီရဲ့လား ပြန်စစ်ဆေးကြည့်ပါ။

၁ဝ။ စံပယ်ပန်းလေးတွေကို ခူးရင် ကတ်ကြေး ထက်ထက်နဲ့ ညှပ်ပြီး ခူးပါ။ လက်နဲ့ မချိုးပါနဲ့၊ မဆိတ်ပါနဲ့။ ခူးပြီးသား စံပယ်ပွင့်လေးတွေကို ကြာရှည် လတ်ဆတ်နေချင်ရင် ရိုးတံလေးကို ရေထဲ စိမ်ထားပေးပါ။

“စံပယ်ဖူးလေးတွေကိုသုံးပြီး ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်စေတဲ့ စံပယ်ပန်း ခြောက် ရေနွေးကြမ်းလး လုပ်သောက်လို့ ရပါတယ်နော်”

၁။ မနက်စောစောမှာ စံပယ်ဖူးလေးတွေကို ခူးပါ။ မနက်စောစောအချိန်က စံပယ်ဖူးလေးတွေအတွက် အမွှေးဆုံးနဲ့ အာနိသင်အကောင်းဆုံးအချိန်ပါ။ ပြီးရင် စံပယ်ဖူးလေးတွေကို ဗန်းသန့်သန့်လေးမှာ ထည့်ခင်းပြီး နေပူလှန်းပါ။

၂။ နေပူလှန်းတဲ့အခါ နေရောင်တိုက်ရိုက် မထိပါ စေနဲ့။ မှန်ပြတင်းကို ဖြတ်ပြီးဝင်လာတဲ့ နေရောင်နဲ့ လှမ်းပါ။ တစ်နေ့နဲ့ တစ်ည လှမ်းပြီး သွားရင် စံပယ် ဖူးလေးတွေကို လေလုံတဲ့ဘူးထဲ ထည့်ထား လိုက်ပါ။

ပြီးရင် ရေနွေးပူပူထဲကို ၄၊ ၅ ဖူးလောက် ခတ်ပြီး သောက်ပါ။ နှလုံးရောဂါအတွက် တကယ်ကို အသုံးဝင်ပါတယ်။

၇ရက် သားသမီးများ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ။crd