Celebrity Local News

ကြွေလွင့်သွားတဲ့ သူရဲကောင်းတွေထက်စာရင် သူမအခုလို တိမ်းရှောင်နေရတာက ​မြူမှုံတမှင်သာရှိတယ်လို့ ဆိုလိုက်တဲ့ ခင်ဝင့်ဝါ

ပရိသတ်ကြီးရေ… အနုပညာလောကမှာ အောင်မြင်မှုတွေကိုအပြည့်အဝ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးခင်ဝင့်ဝါဟာဆိုရင် ပုဒ်မ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတာပဲ ဖြစ်ပါတယ်နော်။သူမဟာနွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ကာပြီး အမှန်တရားဘက်ကပါဝင်ကူညီခဲ့သူလေးဖြစ်ပါတယ်။

သူမဟာဆိုရင်နေ့စဉ်ရက်ဆက် လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ရုံသာမကဘဲ ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ ကျန်ရစ်ခဲ့သော မိသားစုဝင်များ အတွက်လည်း တတ်နိုင်သလောက် ထောက်ပံ့လှူဒါန်းပေး ခဲ့ပါသေးတယ်။ ယခုဆိုရင်ခင်ဝင့်ဝါဟာ တရားစွဲဆိုခံထားရတာကြောင့် ခေတ္တခဏတိမ်းရှောင်နေရပါတယ်နော်။ သူမတိမ်းရှောင်နေစဉ်ကာလမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေဟာ အသက်ပေးသွားတဲ့သူရဲကောင်းတွေထက်စာရင် မပြောပလောက်ဘူးလို့ပြောပြလာပါတယ်။

ခင်ဝင့်ဝါက”အခုချိန်မှာ ကိုယ်ရင်ဆိုင်နေရတဲ့ အထီးကျန်ဝမ်းနည်း အားငယ်စိတ်ဓာတ်ကျမှုတွေက အသက်ပေးသွားတဲ့ အာဇာနည်တွေနဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့ ယှဉ်ရင်မြူမှုန်တစ်စမျှသာ”ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားတာကိုတွေ့ရပါတယ်။တိမ်းရှောင်နေရတဲ့အနုပညာရှင် တော်တော်များများလည်း စိတ်ဓာတ်ကျနေတဲ့ ခံစားချက်မျိုး ဖြစ်ပေါ်နေပေမယ့် ယခုလိုဖြည်သိမ့်နေကြရပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source:Khin Wint Wah’s fb
Credit ; (Cele Posts)




Credit ; (Cele Posts)