Sports

ယူနိုက်တက်အသင်းကပဲ ဂိုးပြတ်နိုင်မယ်လို့ ဘာဘာတော့ဗ်ခန့်မှန်း

ယူနိုက်တက်တိုက်စစ်ကစားသမားဟောင်း ဒီမီတာ ဘာဘာတော့ဗ်ကတော့ တနင်္ဂတွေညမှာ ကစားမဲ့ အက်စတန်ဗီလာအသင်းနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဥ်အတွက် ကြိုတင်ခန့်မှန်းမှု ပြု လုပ်သွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်၅ပွဲမှာ ၄ပွဲနိုင် သရေကျထားပြီး အက်စတန်ဗီလာအသင်းကတော့ ၂ပွဲနိုင်၊၁ပွဲသရေ၊၂ပွဲ ရှုံးနိမ့်ထားခဲ့ပါတယ်။

ဘာဘာတော့ဗ်ကတော့ ယူနိုက်တက်အသင်းကပဲ အသာစီးရယူသွားနိုင်ကြောင်း

“ဒီပွဲမှာ ယူနိုက်တက်အသင်းဘက်ကပဲ ရပ်တည်မယ်ဆိုရင် အံ့သြစရာ မရှိပါဘူး။အိုလေရဲ့အသင်းက အခုချိန်မှာ အမြင့်ဆုံးကို ရောက်နေတာ။ဒါပေမဲ့လည်း အဆင့်၂နေရာကနေပဲ ရာသီကုန်ဆုံးသွားဖို့ မြင်ချင်ပါတယ်။ဗီလာအသင်းအနေနဲ့ကတော့ မျှော်လင့်ချက်ထားပြီး ကစားစရာ ဘာတစ်ခုမှ ရှိမနေပါဘူး”ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

ဘာဘာတော့ဗ်ရဲ့ခန့်မှန်းချက်
အက်စတန်ဗီလာ ၀ – ၃ ယူနိုက်တက်

Sports Gaber
Photo Credit