Sports

လူကာကူကိုရောင်းခဲ့တာ ယူနိုက်တက်အသင်း သိပ်မှားကြောင်း အက်ရှ်လေယန်းဝေဖန်

ယူနိုက်တက်အသင်းရဲ့အသင်းခေါင်းဆောင်ဟောင်း အက်ရှ်လေယန်းကတော့ ရိုမဲလုလူကာကူကို အင်တာမီလန်အသင်းဆီရောင်းချခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ဆုံးဖြတ်ချက်အပေါ် နားမလည်နိုင်ကြောင်း ​ေ၀ဖန်အပြစ်တင်လိုက်ပါတယ်။

“လူကာကူကို ရောင်းချခဲ့တဲ့ဆုံးဖြတ်ချက်ကို နားမလည်နိုင်ကြောင်း အဲ့ဒီတုန်းက ပြောခဲ့ပါသေးတယ်။ရိုမဲလုက အခုချိန်မှာ သူ့အပေါ်ထင်နေခဲ့တာတွေမှားကြောင်း သက်သေပြခဲ့ပြီးပါပြီ။သူက အတော်ကို အလုပ် ကြိုးစားခဲ့တာပါ”

“သူ့ကို overweightဖြစ်နေတယ်လို့ ဘာမှလုပ်မပြနိုင်ဘူးလို့ လူတွေက ပြောကြတယ်။သူက အီတလီမြေမှာ ​အံ့သြဖွယ်ကောင်းတဲ့ သမိုင်းမှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့ပါတယ်။အင်တာမီလန်အသင်းအတွက် အကျိုးပြုလှတဲ့ ကစားသမားတစ်ယောက်ပါ”

“ကျွန်တော့်အမြင်ကတော့ ပရီးမီးယားလိဂ်မှာကတည်းက အံ့ဖွယ် ကစားသမားကောင်းတစ်ယောက် ဖြစ်နေခဲ့တာပါ။အဲ့ဒီကနေ ထွက်လာပြီး နောက်ထပ်စိန်ခေါ်မှုတွေ ရင်ဆိုင်ခဲ့တယ်။အီတလီမြေကို ပြောင်းလာတာ သူ့အတွက် သိပ်မှန်တယ်။သူရဲ့အောင်မြင်မှုတွေက ချီးမွမ်းမဆုံးအောင်ပါပဲ”ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

Sports Gaber
Photo Credit

Unicode





Sports Gaber
Photo Credit