Sports

ယူရိုပါလိဂ်ဖလားက ယူနိုက်တက်အတွက်ပဲဆိုပြီး ခန့်မှန်းသွားတဲ့ ပေါလ်စခိုး

ယူနိုက်တက်ဂန္ထ၀င်ကစားသမားဟောင်း ပေါလ်စခိုးကတော့ ဒီလကုန်ခါနီးမှာကစားကြမဲ့ ယူနိုက်တက်အသင်းနဲ့ဗီလာရီးရဲလ်အသင်းတ်ို့ရဲ့ ယူရိုပါလိဂ်ဖိုင်နယ်ပွဲမှာ ယူနိုက်တက်အသင်းကပဲ သက်တောင့်သက်သာ အနိုင်ရသွားနိုင်ကြောင်း ခန့်မှန်းသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ရိုးမားအသင်းနဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ဆီးမီးဖိုင်နယ်ပွဲစဥ်မှာ နှစ်ကျော့ပေါင်းရလဒ် ၈-၅နဲ့ အနိုင်ရခဲ့သလို ဗီလာရီးရဲလ်အသင်းကလည်း အာဆင်နယ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၂-၁ နဲ့ အနိုင်ရခဲ့ကာ ယူရိုပါလိဂ်ဗိုလ်ပွဲကို တက်ရောက်လာနိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ဖလားကို ရယူနိုင်ဖို့ ရေပန်းစားနေတဲ့အသင်းဖြစ်နေပြီး ပေါလ်စခိုးကလည်း ယူနိုက်တက်အသင်းကပဲ ဖလားကိုင်မြှောက်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

“ဗီလာရီးရဲလ်အသင်းမှာ ဂိုးသွင်းနိုင်တဲ့ ကစားသမား သိပ်မရှိပါဘူး။ယူရိုပါလိဂ်ပြိုင်ပွဲမှာ မှတ်တမ်းကောင်းတွေ ရယူထားနိုင်တဲ့ အူနိုင်းအမ်မရီအသင်းနဲ့ ကစားရမှာမို့ ယူနိုက်တက်အသင်းအတွက် ခက်ခဲမှုတွေတော့ ရှိမှာပါ”

“ဒါပေမဲ့လည်း ယူနိုက်တက်အသင်းမှာ ပုံစံကောင်းတွေအမှန်တကယ် ပြသနေတယ်။လူစာရင်း တောင့်တင်းမှုတွေရှိနေတဲ့ ယူနိုက်တက်အသင်းကပဲ ယူရိုပါလိဂ်ဖလားကို ရယူသွားနိုင်မယ်လို့ မျှော်လင့်မိပါတယ်”ဆိုပြီး ခန့်မှန်းသွားခဲ့ပါတယ်။

Sports Gaber
Photo Credit