Sports

ဗီလာပါ့ခ်မှာကစားမဲ့ပွဲမှာ ယူနိုက်တက်အသင်းကိုပဲ အပီသာချဆိုတဲ့ လော်ရိုး

လီဗာပူးလ်ကစားသမားဟောင်း လော်ရိုးကတော့ တနင်္ဂတွေမှာ ကစားကြမဲ့ အက်စတန်ဗီလာအသင်းနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ပွဲစဥ်မှာ လူစာရင်းတောင့်တင်းမှုတွေရှိနေတဲ့ ယူနိုက်တက်အသင်းကပဲ အနိုင်ရယူသွားနိုင်ကြောင်း ခန့်မှန်းသွားခဲ့ပါတယ်။

အိုလီဂန်နာဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့်၂နေရာမှာ ရပ်တည်နေပြီး အဆင့်၅က ၀က်စ်ဟမ်းအသင်းနဲ့ တစ်ပွဲလျော့အနေအထားမှာကို ၉မှတ်အသာရနေတာကြောင့် ချံပီယံလိဂ်၀င်ခွင့်အတွက် စိတ်ပူစရာမလိုတော့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက အက်စတန်ဗီလာအသင်းနဲ့ နောက်ဆုံး၆ကြိမ်တွေ့ဆုံထားတဲ့ ပရီးမီးယားလိဂ်ပွဲစဥ်တွေမှာ ၄ပွဲနိုင်၊၁ပွဲသရေ၊၁ပွဲ ရှုံးနိမ့်ထားခဲ့ပါတယ်။လော်ရိုးကတော့ ဗီလာပါ့ခ်မှာ ကစားကြမဲ့ပွဲစဥ်မှာ ယူနိုက်တက်အသင်းကိုပဲ အပီသာချဆိုပြီး

“ယူနိုက်တက်အသင်းက ကြာသာပတေးနေ့တုန်းကလည်း ရိုးမားအသင်းနဲ့ ယူရိုပါလိဂ်ဆီးမီးဖိုင်နယ် ဒုတိယအကျော့ကစားထားခဲ့တယ်။တနင်္ဂတွေနေ့ကြ ဗီလာအသင်းနဲ့ ကစားရအုံးမယ်။ရှစ်ရက်အတွင်း ၄ပွဲကစားရမဲ့ ယူနိုက်တက်အသင်းအတွက် ဒုတိယမြောက်ပွဲစဥ်”

“ဒါပေမဲ့လည်း သူတို့အသင်းရဲ့လူစာရင်းက ဒီလိုပွဲကျပ်ကာလကို ရင်ဆိုင်ဖို့ အေးဆေးပါပဲ။ထိပ်တန်းကစားသမားနှစ်ယောက်၊သုံးယောက်လည်း ရှိနေတယ်။ဥပမာ ဘရူနိုဖာနန်ဒက်စ်တို့လိုမျိုး ကစားသမားတွေ။ပထမပွဲထွက်လူစာရင်းကစားသမားတွေနဲ့ အရံကစားသမားတွေကြား အရည်အသွေးတွေက သိပ်ကွာလှတာ မဟုတ်ဘူး”

“အက်စတန်ဗီလာအသင်းက ကစားရလွယ်ကူတဲ့ အသင်းတစ်သင်းတော့ မဟုတ်ဘူး။နောက်ဆုံးကစားထားခဲ့တဲ့ အဲဗာတန်အသင်းနဲ့ပွဲတုန်းကလည်း အနိုင်ရထားတယ်။ဘာပဲဖြစ်ဖြစ် ယူနိုက်တက်အသင်းကိုတော့ ယှဥ်ကစားနိုင်မှာ မဟုတ်ပါဘူး”ဆိုပြီး ခန့်မှန်းပြောဆိုသွားခဲ့ပါတယ်။

လော်ရိုးရဲ့ခန့်မှန်းချက်
အက်စတန်ဗီလာ ၀ – ၂ ယူနိုက်တက်

Sports Gaber
Photo Credit