Celebrity Local News

သူမကိုဟိုနားဒီနား တွေ့တယ် လို့ စွပ်စွဲနေတဲ့သူတွေကို ထိမိစွာတုံ့ပြန်လိုက်တဲ့ မြနှင်းရည်လွင်

ပရိတ်သတ်ကြီးရေ…ဇာတ်လမ်းတွဲများစွာရိုက်ကူးရင်း ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုတစ်ခဲနက်ရရှိထားတဲ့ မင်းသမီးချောဟာဆိုရင်မြနှင်းရည်လွင်ပဲဖြစ်ပါတယ်နော်။မြနှင်းရည်လွင်ဟာဆိုရင် သူမပါဝင်ရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲတိုင်းကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့အတွက် ပရိတ်သတ်အခိုင်အမာရရှိပြီး အနုပညာလမ်းကြောင်းကိုအောင်မြင်မှုတွေနဲ့လျှောက်လှမ်းလာနိုင်တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်နော်..။မြနှင်းရည်လွင်က မာယာလှည့်ကွက်ဇာတ်လမ်းတွဲမှာ ဒေါ်ဟန်နီချိုကာရိုက်တာကို အံဝင်ဂွင်ကျသရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ပရိတ်သတ်တွေရဲ့အချစ်တွေကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

မြနှင်းရည်လွင်ရဲ့ထူးခြားတဲ့ရုပ်ရည်ဟာဆိုရင် မြန်မာနိုင်ငံရဲ့မိခင်ကြီးတစ်ယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းဆုကြည်နဲ့ရုပ်ရည်ခြင်းဆင်တာကြောင့် ပရိတ်သတ်တွေကပိုမိုချစ်ခင်နေကြတာပဲဖြစ်ပါတယ်.။သူမဟာဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေမှာ ပြည်သူလူထုနဲ့အတူရပ်တည်ခဲ့တာဖြစ်ပြီး နွေဦးတော်လှန်ရေးရဲ့လူထုလှုပ်ရှားမှုမှတက်ကြွစွာနဲ့ပါဝင်ခဲ့တာပဲဖြစ်ပါတယ်နော်။လူထုလှုပ်ရှားမှုမှာတက်ကြွစွာပါဝင်ခဲ့တဲ့သူမကို ပုဒ်မ ၅၀၅(က)နဲ့အမှုဖွင့်အရေးယူခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီလိုအရေးယူခြင်းခံနေရတဲ့မြနှင်းရည်လွင်က လက်ရှိမှာဆိုရင် လုံခြုံရေးအရ အခြားတစ်နေရာမှာရှောင်တိမ်းနေရတာပဲဖြစ်ပါတယ်နော်။

အခက်အခဲအမျိုးမျိုးနဲ့ရှောင်တိမ်းနေရတဲ့သူမကို ဟိုနေရာမှာမုန့်ထိုင်စားတာတွေ့တယ် စျေးဝယ်နေတာတွေတယ်လို့စွပ်စွဲလာတဲ့သူတွေကို အခုလိုပဲထိထိမိမိပြန်လည်ချေပလိုက်တာပဲဖြစ်ပါတယ်နော်..။သူမက ” တွေ့လိုက်ကြတာ ကျမကို ဟိုမှာမုန့်ထိုင်စားတာတွေ့ ဘယ်မှာစျေးဝယ်တာတွေ့ ကားတောင်မောင်းသွားတာဖျက်ခနဲတွေ့တဲ့သူကရှိသေး တွေ့လိုက်ကြတာ မရှိတော့မှ တစ်ချို့စိတ်ထဲ ၅၀၅ က ပါတာပေါ့ပေါ့တန်တန်လေးပဲထင်တာလားတော့မပြောတတ်ဘူး ဝန်ထုပ်ဝန်ပိုးအပူအပင်မရှိပေါ့ပါးစွာသွားလာနိုင်ဖို့ တကယ်လူတွေaတွေ့တွေ့နေတဲ့ကျမဆိုသူရဲ့နေရာဝင်လိုက်ချင်ပါတယ် အမှန်ပြောတာ တစ်ခုအကြံပေးပါရစေ နောက်တစ်ခါကျမလို့ထင်တယ် ကျမဆိုပြီး စိတ်ကထင်လိုက်ပြီဆိုရင် အဲ့အမျိုးသမီးကို ဒဲ့သွားမေးလိုက်ပါ မြနှင်းရည်လွင်လာဆိုပြီး mask တပ်ထားရင် mask ချွတ်ခိုင်းပါ အဲ့ဒါဆိုကျမလဲအာရုံမနောက်ဘူး ရှင်တို့လည်းစိတ်ရှင်းပါတယ်နော် ” ဆိုုပြီးသူမကို စွပ်စွဲနေတဲ့သူတွေကို ပြန်လည်ချေပလိုက်တာပဲဖြစ်ပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိတ်သတ်တစ်ယောက်ချင်းင်္စကိုအထူးပအဲကျေးဇူးတင်ရှိပါတယ်။

Source ; May Hnin Yee Lwin Facebook Acc
Credit ; Celebrity Platforms