International News

မြန်မာနိုင်ငံက ပြည်သူတွေအတွက် ဆန္ဒထုတ်ဖော်ပေးရာကနေ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ထိုင်းလူမျိုး သပိတ်ခေါင်းဆောင်တစ်ဦး

မြန်မာနိုင်ငံက ပြည်သူတွေအတွက် ဆန္ဒထုတ်ဖော်ပေးရာကနေ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ထိုင်းလူမျိုး သပိတ်ခေါင်းဆောင်တစ်ဦး

ကျဆုံးသူတွေ တဖြည်းဖြည်းနဲ့ များပြားလာပြီး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့သူတွေ အမြောက်အမြားရှိနေတဲ့ကြားကနေ

လူထုဆန္ဒထုတ်ဖော်ပွဲတွေကတော့ ဆက်လက်ပေါ်ပေါက်နေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ (၂) ရက်နေ့တုန်းကလည်း ကမ္ဘာ့နိုင်ငံအသီးသီးကပြည်သူတွေ ပါဝင်လှုပ်ရှားနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးပွဲကြီးကို ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနေ့က ထိုင်းနိုင်ငံမှာဆိုရင်လည်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့အတူ ထိုင်းလူမျိုးအချို့ကလည်း ဆန္ဒထုတ်ဖော်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ကတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ ( UN) ရုံး‌ရှေ့မှာ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး တက်တက်ကြွကြွပါဝင်ပေးခဲ့တဲ့ ထိုင်းနိုင်ငံသားတစ်ဦးကတော့ အဲ့ဒီနေ့မှာပဲ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့ရဲ့နာမည်က “Mr. Weera Saengthong @ Saraj Giri” ဖြစ်ပြီး မြန်မာအရေး တက်ကြွလှုပ်ရှားသူ ဘန်ကောက် သပိတ်ခေါင်းဆောင်တစ်ဦးပဲ ဖြစ်ပါတယ်။

သူကတော့ မြန်မာနိုင်ငံက ပြည်သူတွေအတွက် တစ်ဖက်တစ်လမ်းကနေ အားဖြည့်ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

ပြည်သူတွေကလည်း သူ့ရဲ့စိတ်ဓာတ်နဲ့ လုပ်ရပ်ကို လေးစားချီးကျူးနေကြတာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာပြည်သူတွေက ဖမ်းဆီးခံထားရတဲ့ ” Mr. Weera Saengthong” ကို အမြန်ဆုံးလွှတ်ပေးဖို့အတွက် လူမှုကွန်ယက်စာမျက်နှာတွေတစ်ဆင့် အားလုံးသိအောင် ရေးသားဖော်ပြပြီး တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

Crd
Zawgyi

ျမန္မာနိုင္ငံက ျပည္သူေတြအတြက္ ဆႏၵထုတ္ေဖာ္ေပးရာကေန ဖမ္းဆီးထိန္းသိမ္းခံလိုက္ရတဲ့ ထိုင္းလူမ်ိဳး သပိတ္ေခါင္းေဆာင္တစ္ဦး

က်ဆဳံးသူေတြ တျဖည္းျဖည္းနဲ႕ မ်ားျပားလာၿပီး ဖမ္းဆီးထိန္းသိမ္းခံလိုက္ရတဲ့သူေတြ အေျမာက္အျမားရွိေနတဲ့ၾကားကေန

လူထုဆႏၵထုတ္ေဖာ္ပြဲေတြကေတာ့ ဆက္လက္ေပၚေပါက္ေနဆဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေမလ (၂) ရက္ေန႕တုန္းကလည္း ကမၻာ့နိုင္ငံအသီးသီးကျပည္သူေတြ ပါဝင္လႈပ္ရွားနိုင္တဲ့ ကမၻာလုံးဆိုင္ရာ ျမန္မာ့ႏြေဦးေတာ္လွန္ေရးပြဲႀကီးကို ျပဳလုပ္နိုင္ခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီေန႕က ထိုင္းနိုင္ငံမွာဆိုရင္လည္း ျပည္ပေရာက္ ျမန္မာနိုင္ငံသားေတြနဲ႕အတူ ထိုင္းလူမ်ိဳးအခ်ိဳ႕ကလည္း ဆႏၵထုတ္ေဖာ္ေပးခဲ့ၾကတာ ျဖစ္ပါတယ္။

သူတို႔ကေတာ့ ထိုင္းနိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ကုလသမဂၢ ( UN) ႐ုံးေရွ႕မွာ လူထုလႈပ္ရွားမႈျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။

ျမန္မာနိုင္ငံက ျပည္သူေတြနဲ႕အတူ ရပ္တည္ၿပီး တက္တက္ႂကြႂကြပါဝင္ေပးခဲ့တဲ့ ထိုင္းနိုင္ငံသားတစ္ဦးကေတာ့ အဲ့ဒီေန႕မွာပဲ ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။

သူ႕ရဲ႕နာမည္က Mr. Weera Saengthong @ Saraj Giri ျဖစ္ၿပီး ျမန္မာအေရး တက္ႂကြလႈပ္ရွားသူ ဘန္ေကာက္ သပိတ္ေခါင္းေဆာင္တစ္ဦးပဲ ျဖစ္ပါတယ္။

သူကေတာ့ ျမန္မာနိုင္ငံက ျပည္သူေတြအတြက္ တစ္ဖက္တစ္လမ္းကေန အားျဖည့္ကူညီေပးခဲ့တာ ျဖစ္ပါတယ္။

ျပည္သူေတြကလည္း သူ႕ရဲ႕စိတ္ဓာတ္နဲ႕ လုပ္ရပ္ကို ေလးစားခ်ီးက်ဴးေနၾကတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ျမန္မာျပည္သူေတြက ဖမ္းဆီးခံထားရတဲ့ Mr. Weera Saengthong ကို အျမန္ဆုံးလႊတ္ေပးဖို႔အတြက္ လူမႈကြန္ယက္စာမ်က္ႏွာေတြတစ္ဆင့္ အားလုံးသိေအာင္ ေရးသားေဖာ္ျပၿပီး ေတာင္းဆိုေနၾကတာ ျဖစ္ပါတယ္။

Crd