Local News

ယင်းမာပင်နဲ့ကနီမြို့နယ်ရှိရွာများတွင် အင်အားသုံးပြီး မွှေနှောက်ရှာဖွေနေတာကြောင့် တောထဲကိုထွက်ပြေးနေရတဲ့ ရွာသူ၊ရွာသားများ

ယင်းမာပင်နဲ့ကနီမြို့နယ်ရှိရွာများတွင် အင်အားသုံးပြီး မွှေနှောက်ရှာဖွေနေတာကြောင့် တောထဲကိုထွက်ပြေးနေရတဲ့ ရွာသူ၊ရွာသားများ

လက်ရှိအခြေအနေမှာဆိုရင်တော့ ပြည်သူလူထုလည်း မိမိတို့အင်အားရှိသလောက်နဲ့ ပြန်လည်ရင်ဆိုင်ကြပြီးရောင်နီသာတဲ့နေ့သစ်ဆီရောက်အောင် အတူတူကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။မကြာသေးခင်ရက်ပိုင်းအတွင်းမှာ ယင်းမာပင်နဲ့ကနီမြို့နယ်ရှိရွာများတွင် အင်အားသုံးဖမ်းဆီးမှုတွေရှိခဲ့တာကြောင့် ဒေသခံပြည်သူတွေလည်း ခုခံခဲ့ကြတာဖြစ်ပါတယ်။ဒေသခံ(၂၀)နီးပါးလောက်ကျဆုံးပြီး ဒဏ်ရာရသူ၊ပျောက်ဆုံးနေသူများနဲ့ ဖမ်းဆီးခံရသူများလည်းရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင်လည်း ယာကြီး၊ ဆယ်ရွာချောင်ဒေသ၊ ကပိုင်နှင့် သီးကုန်းရွာများတွင် မွှေနှောက်ရှာဖွေနေသဖြင့် ရွာသူ၊ရွာသားများ တောထောင်ထဲကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။ရွာသူ၊ရွာသားတွေကတော့ မိမိတို့သယ်နိုင်သလောက် ပစ္စည်းလေးတချို့ကိုသာယူဆောင်ပြီး လမ်းမလျှောက်နိုင်တဲ့သက်ကြီးရွယ်အိုတွေကိုလည်း ကျောပိုးကာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရတာဖြစ်ပါတယ်။ရွာသူ၊ရွာသားတွေခမျာ အသက်အန္တရာယ်ကင်းဖို့အတွက်မိမိတို့ရဲ့ရွာလေးကို ခဏစွန့်ခွါလာရတာဖြစ်ပါတယ်။

တောထဲမှာ ဝင်ရောက်ပုန်းခိုနေတဲ့ ရွာသူ၊ရွာသားများ နွေရာသီအပူဒဏ်ခံနိုင်ရန်အတွက် သောက်ရေ၊ဆေးဝါးများ၊အစားအသောက်နဲ့ အမိုးအကာများလိုအပ်နေတာဖြစ်ပါတယ်။လောလောဆယ်မှာတော့ ရွာသူ၊ရွာသားတွေလည်းတောထဲမှာ အဆင်ပြေသလိုသာ နေထိုင်စားသောက်နေရတာဖြစ်ပါတယ်။ရွာသူ၊ရွာသားတွေ ထွက်ပြေးတိမ်းရှောင်တဲ့နေရာက ပရဟိတအဖွဲ့တွေ သွားလာရခက်ခဲတဲ့နေရာဒေသဖြစ်ပေမယ့် မိမိတို့ပြည်သူတွေ ဒုက္ခအခက်အခဲကြုံတွေ့နေရတာဖြစ်လို့ တတ်နိုင်သလောက်ကူညီကြပါဦးလို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

Credit
Zawgyi

ယင္းမာပင္နဲ႕ကနီၿမိဳ႕နယ္ရွိ႐ြာမ်ားတြင္ အင္အားသုံးၿပီး ေမႊႏွောက္ရွာေဖြေနတာေၾကာင့္ ေတာထဲကိုထြက္ေျပးေနရတဲ့ ႐ြာသူ၊႐ြာသားမ်ား

လက္ရွိအေျခအေနမွာဆိုရင္ေတာ့ျပည္သူလူထုလည္းမိမိတို႔အင္အားရွိသေလာက္နဲ႕ျပန္လည္ရင္ဆိုင္ၾကၿပီးေရာင္နီသာတဲ့ေန႕သစ္ဆီေရာက္ေအာင္အတူတူႀကိဳးစားေနၾကတာပဲျဖစ္ပါတယ္။မၾကာေသးခင္ရက္ပိုင္းအတြင္းမွာယင္းမာပင္နဲ႕ကနီၿမိဳ႕နယ္ရွိ႐ြာမ်ားတြင္အင္အားသုံးဖမ္းဆီးမႈေတြရွိခဲ့တာေၾကာင့္ေဒသခံျပည္သူေတြလည္းခုခံခဲ့ၾကတာျဖစ္ပါတယ္။ေဒသခံ(၂၀)နီးပါးေလာက္က်ဆဳံးၿပီးဒဏ္ရာရသူ၊ေပ်ာက္ဆုံးေနသူမ်ားနဲ႕ဖမ္းဆီးခံရသူမ်ားလည္းရွိတယ္လို႔သိရပါတယ္။

ဒါ့အျပင္လည္းယာႀကီး၊ဆယ္႐ြာေခ်ာင္ေဒသ၊ကပိုင္ႏွင့္သီးကုန္း႐ြာမ်ားတြင္ေမႊႏွောက္ရွာေဖြေနသျဖင့္႐ြာသူ၊႐ြာသားမ်ားေတာေထာင္ထဲကိုထြက္ေျပးတိမ္းေရွာင္ေနရတာျဖစ္ပါတယ္။႐ြာသူ၊႐ြာသားေတြကေတာ့မိမိတို႔သယ္နိုင္သေလာက္ပစၥည္းေလးတခ်ိဳ႕ကိုသာယူေဆာင္ၿပီးလမ္းမေလွ်ာက္နိုင္တဲ့သက္ႀကီး႐ြယ္အိုေတြကိုလည္းေက်ာပိုးကာေဘးလြတ္ရာသို႔ထြက္ေျပးေနရတာျဖစ္ပါတယ္။႐ြာသူ၊႐ြာသားေတြခမ်ာအသက္အႏၱရာယ္ကင္းဖို႔အတြက္မိမိတို႔ရဲ႕႐ြာေလးကိုခဏစြန႔္ခြါလာရတာျဖစ္ပါတယ္။

ေတာထဲမွာဝင္ေရာက္ပုန္းခိုေနတဲ့႐ြာသူ၊႐ြာသားမ်ားႏြေရာသီအပူဒဏ္ခံနိုင္ရန္အတြက္ေသာက္ေရ၊ေဆးဝါးမ်ား၊အစားအေသာက္နဲ႕အမိုးအကာမ်ားလိုအပ္ေနတာျဖစ္ပါတယ္။ေလာေလာဆယ္မွာေတာ့႐ြာသူ၊႐ြာသားေတြလည္းေတာထဲမွာအဆင္ေျပသလိုသာေနထိုင္စားေသာက္ေနရတာျဖစ္ပါတယ္။႐ြာသူ၊႐ြာသားေတြထြက္ေျပးတိမ္းေရွာင္တဲ့ေနရာကပရဟိတအဖြဲ႕ေတြသြားလာရခက္ခဲတဲ့ေနရာေဒသျဖစ္ေပမယ့္မိမိတို႔ျပည္သူေတြဒုကၡအခက္အခဲႀကဳံေတြ႕ေနရတာျဖစ္လို႔တတ္နိုင္သေလာက္ကူညီၾကပါဦးလို႔တိုက္တြန္းႏွိုးေဆာ္လိုက္ပါတယ္။

Credit