Local News

နေ့ခင်းကြောင်တောင် အိမ်ဖောက်ထွင်းခံရပြီး တန်းဖိုးကြီး ပစ္စည်တွေ ပါသွားတဲ့ သီဟအောင်ရဲ့ အဖြစ်

နေ့ဘက်မှာတောင် နေအိမ်ဖောက်ထွင်းခံလိုက်ရပြီး အရေးကြီးပစ္စည်းများ ခိုးယူခြင်းခံလိုက်ရတဲ့ သီဟအောင်

ပရိတ်သတ်ကြီးရေ…..သီဟအောင်ကတော့ လူကြမ်းသရုပ်ဆောင် ကိုကိုဦးရဲ့ သားလေးပါနော်..။အကယ်ဒမီရွှေကြိုကနေတဆင့် အနုပညာလောကထဲက စတင်ဝင်ရောက်လာခဲ့ပြီး ကြော်ငြာတွေရိုက်ကူးကာ အောင်မြင်မှုတွေ အထိုက်အလျောက်ရရှိထားသူပဲ ဖြစ်ပါတယ်..။လက်ရှိအခြေအနေတွေမှာ အားလုံးနဲ့အတူရပ်တည်ကာ လှုပ်ရှားမှုတွေကိုဝေမျှပြောပြတတ်သလို သူ့ရဲ့နေအိမ်ဖောက်ထွင်းခံလိုက်ရတဲ့အကြောင်းတွေကိုလည်း ပြောပြလာပါတယ်..။

နေ့လည်ပိုင်း ၁နာရီ ဝန်းကျင်လောက် အပြင်ခဏထွက်နေချိန်မှာပဲ အိမ်ဖောက်ခံလိုက်ရတာဖြစ်ပြီး ငွေသား(၂)သိန်းကျော်၊ အရေးကြီးတဲ့ စာရွက်စာတမ်း၊ ကားစာအုပ်၊ မြေဂရံစာချုပ်နဲ့ အခြားပစ္စည်းတွေလည်း ပါသွားတယ်လို့ သိရပါတယ်..။မွှေနှောက်ရှာဖွေသွားပြီး ဖောက်ထွင်းခံလိုက်ရတဲ့ အိမ်အတွင်းပိုင်းပုံတွေကိုလည်း သီဟအောင်က ဓာတ်ပုံတွေနဲ့အတူ ဝေမျှရင်း စိတ်မကောင်းစွာ ပြောပြထားတာပဲ ဖြစ်ပါတယ်..။

“ ကျွန်တော့်အိမ် နေ့လည်၁၂နာရီ၁နာရီ ဝန်းကျင်မှာ အပြင်ခဏထွက်နေချိန်မှာပဲ ဖောက်ခံလိုက်ရပါတယ်ဗျာ.. အရေးကြီးသော စာရွက်စာတမ်း မြေဂရံစာချုပ်များ ကားစာအုပ် (YGN 9E-5677)၊ ငွေသား ၂သိန်းကျော် နှင့် အခြားပစ္စည်းများ ပါသွားပါသည်.. ကျွန်တော့် Fans တွေ ပေးထားတဲ့ ပစ္စည်းတွေပါ ပါသွားလို့ပါ.. ကျေးဇူးပြု၍ ဝိုင်းဝန်းShareပေးကြပါခင်ဗျာပြင်ဦးလွင်..” ဆိုပြီး ရေးသားပြောပြထားတာပါ..။

အဲ့ဒီပို့စ်အောက်မှာတော့ ပရိသတ်တွေအားလုံးကလည်း အခုလိုခက်ခဲနေကြတဲ့အချိန်မှာ အိမ်ဖောက်ထွင်းခံလိုက်ရတဲ့ သီဟအောင်အတွက် အားပေးစကားတွေနဲ့အတူ ဂရုစိုက်ဖို့ကိုလည်း သတိပေးပြောထားကြတာ တွေ့ရပါတယ်..။ပရိတ်သတ်ကြီးလည်း အထူးဂရုစိုက်ကြပါနော်။ဖတ်ရှုပေးကြတဲ့ ပရိတ်သတ်တွေအားလုံးကို အထူးပင်ကျေးဇူတင်ရှိပါတယ်…။