Sports

ကာဗာနီကို အသင်းမှာဆက်ထိန်းထားချင်ကြောင်း ဆိုးလ်ရှားဖွင့်ဟ

သက်ကြီးနေပေမဲ့ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်တွေက မက်လောက်စရာဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက်လို ဖြစ်နေဆဲ တိုက်စစ်မှူးကာဗာနီဟာ ယူနိုက်တက်အသင်းအတွက် ကစားပေးခဲ့တဲ့ ပြိုင်ပွဲစုံ၃၃ပွဲကစားထားရာ ၁၄ဂိုး သွင်းယူပေးထားနိုင်ခဲ့ပြီး ဂိုးသွင်းစကေးတွေ ကောင်းနေတုန်း ဖြစ်ပါတယ်။

၃၄နှစ်အရွယ် ကာဗာနီဟာ ဒီနှစ်နွေရာသီမှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာဖြစ်ပြီး နည်းပြဆိုးလ်ရှားကတော့ ကာဗာနီကို အသင်းမှာဆက်ရှိဖို့ မျှော်လင့်နေပါတယ်။ထိပ်တန်းအဆင့်မှာရှိနေဆဲ ကာဗာနီရဲ့ခြေစွမ်းတွေကိုလည်း ဆက်လက်မြင်တွေ့ခြင်ကြောင်း ဆိုးလ်ရှားက

” ထိပ်တန်းအဆင့်မှာရှိနေဆဲ သူ့ရဲ့ခြေစွမ်းတွေအကြောင်း တစ်ခါတစ်လေ တွေးမိတိုင်း အံ့သြမဆုံးဘူး။သူ့အသက်ရွယ်တုန်းကဆို ကျွန်တော် အနားယူနေရပြီ။ကျွန်တော့်ဒူးဆစ်တွေက မသန်မာတော့ဘူး။သူ့ရဲ့အခုခြေစွမ်းတွေကို ဆက်ထိန်းသိမ်းသွားနိုင်ဖို့ ဆုတောင်းမိပါတယ်”

“သူနဲ့ပတ်သက်ပြီး ပြောစရာကတော့ ထိပ်တန်းခြေစွမ်းတွေကို ထိန်းနိုင်သလောက် သေသေချာချာလေး ဆက်ထိန်းသွားဖို့ပဲ။ဘာလို့ဆို ဒါက အချိန်းမရွေး ကျဆင်းသွားနိုင်တယ်။သူ့ကို နောက်နှစ်ရာသီကြ အသင်းမှာ ထပ်မြင်ရဖို့ မျှော်လင့်မိပါတယ်”ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

Sports Gaber
Photo Cred

Unicode





Sports Gaber
Photo Credi