Sports

ပထမပိုင်းပွဲကစားချိန်အပြီး နည်းပြဆိုးလ်ရှားပြောကြားခဲ့တာတွေ လု့ခ်ရှောဖွင့်ဟ

ယူနိုက်တက်အသင်းရဲ့ဘယ်နောက်ခံလူ လု့ခ်ရှောကတော့ အက်စတန်ဗီလာအသင်းကို ၃ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်ရဲ့ ပထမပိုင်းပွဲကစားချိန်နားတုန်းက နည်းပြအိုလီဂန်နာဆိုးလ်ရှား ပြောကြားခဲ့တဲ့ စကားတွေကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဗီလာပါ့ခ်မှာ ကစားခဲ့တဲ့ ပထမပိုင်းပွဲကစားချိန်အပြီးမှာ အက်စတန်ဗီလာအသင်းကို ၁-၀ ရလဒ်နဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်ပြီး ဒုတိယပိုင်းပွဲကစားချိန်ရောက်တဲ့အချိန်မှာတော့ ဒီနှစ်ရာသီမှာ ဖြစ်နေကြအတိုင်း အနိုင်ရလဒ်နဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ယူနိုက်တက်အသင်းကို အနိုင်ရလဒ်ရအောင် ဖာနန်ဒက်စ်၊ဂရင်း၀ုဒ်နဲ့ ကာဗာနီတို့က တစ်ဂိုးစီသွင်းယူပေးခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ နည်းပြဆိုးလ်ရှားလက်အောက်မှာ ရှုံးနိမ့်နေရာကနေ အနိုင်ရလဒ်ရအောင် ပြန်လာနိုင်ခဲ့တဲ့ come backပွဲတွေ များစွာရှိခဲ့ပြီး ဒီနေ့ပွဲမှာလည်း ရှုံးနိမ့်နေရာကနေ ပြန်လာနိုင်မယ်လို့ အသင်းသားတွေက ယုံကြည်နေကြောင်းနဲ့ နည်းပြဆိုးလ်ရှားကလည်း အားပေးစကားပြောခဲ့ကြောင်း

“ပထမပိုင်းမှာ ၁-၀နဲ့ ရှုံးနိမ့်ခဲ့ရတယ်။ဒီပွဲမှာ ခက်ခဲ့တဲ့ပွဲတစ်ပွဲဖြစ်မယ်လို့ ကျွန်တော်တို့တစ်တွေ သိခဲ့ကြပါတယ်။ဒါပေမဲ့လည်း ကျွန်တော်တို့အသင်းက ဒုတိယပိုင်းမှာ ပို​ေကာင်းလာပြီး အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်တဲ့ပွဲတွေ အများကြီးရှိခဲ့တယ်”

“ဒီအခြေအနေတွေက ကျေနပ်စရာကောင်းပေမဲ့ ပထမပိုင်းကတည်းက ကောင်းကောင်းစတင်န်ိုင်ဖို့ လိုသေးတယ်။ပြိုင်ပွဲကို သေချာမစတင်နိုင်ခဲ့ပေမဲ့ အရည်အသွေးရှိတဲ့ ကစားသမားတွေ ရှိပါတယ်။အသင်းရဲ့ ဒုတိယပိုင်းစွမ်းဆောင်ရည်တွေက ပြောမပြနိုင်အောင်ကောင်းပါတယ်”

“နည်းပြဆိုးလ်ရှားကလည်း ကျွန်တော်ပြောခဲ့သလို လာပြောခဲ့တယ်။ပထမပိုင်းမှာ ရှုံးနိမ့်ပြီး ဒုတိယပိုင်းမှာ ပြန်လာနိုင်ခဲ့တဲ့ပွဲတွေ အများကြီး ရှိခဲ့ကြောင်း၊အရည်အသွေးရှိတဲ့ ကစားသမားတွေဖြစ်ကြောင်း၊အရင်ပွဲတွေလိုပဲ ပြန်လာနိုင်ကြောင်း ယုံကြည်ထားဖို့တွေရော။ပထမဂိုးစရတော့ ဒီပွဲကို ကျွန်တော်တို့အသင်း နိုင်ပြီလို့ ခံစားရနေပါပြီ”ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

Sports Gaber
Photo Credit

Unicode





