Sports

ဆရာထက် တပည့်လက်စောင်းထက်​ကြောင်း ကာဗာနီသက်သေပြတော့မှာလား

တိုက်စစ်မှုးအက်ဒီဆန်ကာဗာနီဟာ ယူနိုက်တက်အသင်းက အက်စတန်ဗီလာအသင်းကို ၃ဂိုး-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဥ်မှာလည်း သွင်းဂိုးတစ်ဂိုးရယူနိုင်ခဲ့တာကြောင့် ယူနိုက်တက်နည်းပြအိုလီဂန်နာဆိုးလ်ရှားတင်ထားခဲ့တဲ့ မှတ်တမ်းကောင်းတခုကို လိုက်မှီသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဘားထရန့်ထရာအိုရေးရဲ့သွင်းဂိုးတစ်ဂိုးကြောင့် ပထမပိုင်းပွဲကစားချိိန်အပြီး ရှုံးနိမ့်နေခဲ့ရပေမဲ့ ဒုတိယပိုင်းမှာတော့ ဘရူနို ဖာနန်ဒက်စ်၊မေဆန်ဂရင်း၀ုဒ်၊အက်ဒီဆန်ကာဗာနီတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်၃မှတ်ရယူနိုင်ခဲ့ပါတယ်။

ကာဗာနီဟာ ယူနိုက်တက်အသင်းရဲ့တိုက်စစ်ပိုင်းမှာ အဓိကနေရာကနေ ပါ၀င်နေပြီး သွင်းဂိုးတွေကို ကြုံရင်ကြုံသလို အထာနပ်နပ် သွင်းယူတတ်တဲ့သူရဲ့အားထုတ်မှုတွေဟာ နည်းပြဆိုးလ်ရှား ယူနိုက်တက်အသင်းမှာ ရယူနိုင်ခဲ့တဲ့ မှတ်တမ်းကို လိုက်မှီခဲ့တာပဲ ဖြစ်ပါတယ်။

ကာဗာနီဟာ ဒီနှစ်ရာသီမှာ အရံခုံကနေ ပါ၀င်ကစားပြီး သွင်းဂိုးရယူနိုင်ခဲ့တာဟာ ၅ပွဲထိရှိနေခဲ့ပြီး ဒီမှတ်တမ်းဟာ ၁၉၉၈/၉၉ဘောလုံးရာသီတုန်းက နည်းပြဆိုးလ်ရှားရယူခဲ့သောမှတ်တမ်း၊၂၀၁၀/၁၁ဘောလုံးရာသီတုန်းက ဟာနန်ဒက်ရယူခဲ့တဲ့ မှတ်တမ်းတွေနဲ့ တူညီသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းအတွက်ကတော့ ဒီမှတ်တမ်းဟာ ပရီးမီးယားလိဂ် ဘောလုံးရာသီတစ်ခုထဲမှာ အများဆုံးဖြစ်ခဲ့ပြီး ရာသီကုန်ဆုံးဖို့ လေးပွဲကစားဖို့ကျန်နေသေးချိန်မှာ ကာဗာနီအတွက် စံချိန်ချိုးနိုင်မဲ့အခွင့်အရေး ရလာနိုင်သေးတာ ဖြစ်ပါတယ်။

ကာဗာနီဟာ ဒီနှစ်ရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ၃၅ပွဲကစားထားရာ ၁၅ဂိုးသွင်း၊၅ဂိုးဖန်တီးပေးထားနိုင်ခဲ့သေးတာ ဖြစ်ပါတယ်။

Sports Gaber
Photo Credit

Unicode





