Sports

ပွဲကျပ်ကာလမှာ ခွဲထွက်ကာသွားတော့မဲ့ မဂွိုင်းယား ဘယ်ချိန်မှ ပြန်ကစားနိုင်မလဲဆိုတာ ဆိုးလ်ရှားပြောကြား

အနားပေးတော့မယ်လို့ စီစဥ်ထားတဲ့ ပွဲတစ်ပွဲမှာတောင် အနားမယူရဘဲ ယူနိုက်တက်အသင်းအတွက် ကစားပေးခဲ့ရတဲ့ အသင်းခေါင်းဆောင် ဟယ်ရီမဂွိုင်းယာ ဗီလာအသင်းကို အနိုင်ရခဲ့တဲ့ ယနေ့ညပွဲစဥ်မှာတော့ ခြေချင်း၀တ်ဒဏ်ရာရသွားတဲ့အတွက် လူစားလဲခဲ့ရပါတယ်။

ပွဲကျပ်ကာလမှာ ခွဲထွက်ခွာသွားခဲ့ရတဲ့ မဂွိုင်းယားရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ဆိုးလ်ရှားက

“မဂွိုင်းယားက မပါမဖြစ်အရေးပါလွန်းတဲ့ ကစားသမားပါ။သူမကစားရတဲ့ပွဲစဥ်ဆိုတာ မရှိသလောက်အောင်ပဲ။ကျွန်တော်တို့အသင်းနဲ့ ယူရိုပါလိဂ်ဖိုင်နယ် ကစားရအုံးမယ်။အဲ့ဒီပွဲမှာတော့ မဂွိုင်းယားပါ၀င်နိုင်ဖို့ မျှော်လင့်မိပါတယ်”

“သူ့ရဲ့ဒဏ်ရာက ရက်သတ္တပတ်နည်းနည်းလား၊ရက်ဘယ်လောက်ထိကြာသွားမယ်ဆိုတာလားတော့ ကျွန်တော်မသိဘူး။အလွန်ကြီးမဆိုးဖို့တော့ မျှော်လင့်တာပဲ။ကျွန်တော်က ဆရာ၀န်တစ်ယောက် မဟုတ်ပါဘူး။တနင်္ဂလာနေ့ကြ ဓာတ်မှန်ရိုက်ကြည့်ရမယ်”

“ကြာသပတေးနေ့မှာ ကစားမဲ့ လီဗာပူးလ်နဲ့ပွဲမှာ ပြန်ပါနိုင်မလား မသိဘူး။ဒီထပ်လည်း ပိုကြာရင်ကြာသွားနိုင်တယ်။ကြာသပတေးနေ့ကြရင်တော့ သေချာပြောနိုင်မယ်”ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

Sports Gaber
Photo Credit

Unicode






Sports Gaber
Photo Credit