သူ့ရဲ့စံချိန်တွေကို ဘယ်သူမှမကျော်နိုင်င်အောင် ဂိုးတွေအများကြီးသွင်းထားမယ်ဆိုတဲ့ ဂရင်း၀ုဒ်

ယူနိုက်တက်အသင်းရဲ့လက်တလောပွဲစဥ်တွေမှာ ခြေစွမ်းပြသနေတဲ့ လူငယ်တိုက်စစ်ကစားသမား မေဆန်ဂရင်း၀ုဒ်ဟာ ဗီလာအသင်းနဲ့ရင်ဆိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာလည်း သွင်းဂိုးရယူနိုင်ခဲ့ကြောင့် ယူနိုက်တက်အသင်းမှာ ၀ိန်းရွန်းနီတင်ထားခဲ့တဲ့ စံချိန်ကောင်းကို ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ဂန္တ၀င်ကစားသမား ၀ိန်းရွန်းနီဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ယူနိုက်တက်အသင်းရဲ့ဂိုးသွင်းအများဆုံး ဆယ်ကျော်သက်လူငယ်ကစားသမားအဖြစ် ၁၅ဂိုးနဲ့ရပ်တည်နေခဲ့တာဖြစ်ပြီး ယခုချ်ိန်မှာတော့ ဂရင်း၀ုဒ်က ၁၆ဂိုးနဲ့ အသာရသွားခဲ့ပါတယ်။

ဂရင်း၀ုဒ်ဟာ ယူနိုက်တက်စီနီယာအသင်းကို ၂၀၁၈ခုနှစ်ကနေစပြီး ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။

သွင်းဂိုးရယူနိုင်ခဲ့တာနဲ့ပတ်သက်ပြီး ဂရင်း၀ုဒ်က

“ဒီနေ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့လို့ ပျော်ရွှင်ကျေနပ်မိပါတယ်။ဒီထပ်လည်း ဂိုးတွေအများကြီး ပိုသွင်းနိုင်ဖို့ မျှော်လင့်မိပါတယ်။ကျွန်တော်တင်ထားမဲ့စံချိန်တွေကို အနာဂတ်မှာ ဘယ်သူမှရိုက်ချိုးလို့မရအောင်ထိ ဂိုးတွေအများကြီးသွင်းထားနိုင်ဖို့ ကြိုးစားသွားမှာပါ။ဂိုးသွင်းရရင်ကို ကျွန်တော်က ပျော်နေတာပါ”ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

Sports Gaber
Photo Credit