Sports

ထိပ်တန်းအဆင့်မှာရှိနေဆဲ ဂိုးသွင်းမုဆိုးကာဗာနီကို ယူနိုက်တက်တို့ဆက်ထိန်းထားဖို့ အလန်ရှီးယား တိုက်တွန်း

တိုက်စစ်မှုးအက်ဒီဆန်ကာဗာနီဟာ ယူနိုက်တက်အသင်းက အက်စတန်ဗီလာအသင်းကို ၃ဂိုး-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဥ်မှာလည်း သွင်းဂိုးတစ်ဂိုးရယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် သွင်းဂိုး၉ထိုးထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကာဗာနီဟာ ဒီနှစ်ရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ၁၅ဂိုးထိသွင်းယူပေးထားနိုင်ခဲ့ပြီး နည်းပြဆိုးလ်ရှားကလည်း သူ့ကိုအသက်မှာနောက်ထပ်တစ်ရာသီလောက် ထပ်ရှိဖို့ ကြိုးပန်းနေတာ ဖြစ်ပါတယ်။

အသက်၃၄နှစ်အရွယ်ရောက်နေပေမဲ့လည်း ဂိုးသွင်းမုဆိုးဖြစ်နေဆဲ ကာဗာနီနဲ့ပတ်သက်ပြီး အလန်ရှီးယားက
“အလွန်အံ့သြဖွယ်ကောင်းတဲ့ ကစားသမားပါ။ဂိုးသွင်းကလည်း မိုက်နေတုန်း။ဂိုးဧရိယာထဲမှာ သူ့ရဲ့ အကွက်ကျကျ ရွေ့လျားမှုတွေက သွင်းဂိုးတွေရနေစေတာပဲ”

“သူက ပြိုင်ဘက်နောက်ခံလူတွေကြားမှာ
ရောက်နေပေမဲ့ ဘယ်နေရာကနေ ဘာတွေလုပ်ပြသွားမလဲ ပြိုင်ဘက်နောက်ခံလူတွေမခန့်မှန်းနိုင်ကြဘူး။တကယ်ကို လေးစားစရာကောင်းပါတယ်။သူက အခုလိုမျိုး ထိပ်တန်းအဆင့်မှာ ရပ်တည်နေခဲ့တာ နှစ်တွေကြာနေပါပြီ။ယူနိုက်တက်အသင်းအနေနဲ့ သူ့ကို အသင်းမှာ ဆက်ထိန်းထားဖို့လုပ်ဆောင်ရပါ့မယ်”

“သူက အသင်းအတွက် အကျိုးရှိစေရုံတင် မက သူနဲ့တွဲကစားနေရတဲ့ လူငယ်ကစားသမားလေးတွေအတွက်ပါ ပညာရစေမှာပါ။လေ့ကျင့်ရေးကွင်းမှာ သူ့ဆီက အတွေ့အကြုံကောင်းတွေကို အနီးကပ်လေ့လာခွင့်ရမှာပါ”ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

Sports Gaber
Photo Credit