Sports

ဂရင်း၀ုဒ်ရဲ့တိုးတက်မှုတွေ ပိုမြင်ရအုံးမှာဖြစ်ကြောင်း ဆိုးလ်ရှားပြောကြား

ယူနိုက်တက်နည်းပြ အိုလီဂန်နာဆိုးလ်ရှားကတော့ အက်စတန်ဗီလာအသင်းကို ၃ဂိုး-၁ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး ရယူပေးနိုင်ခဲ့တဲ့ လူငယ်ကစားသမားလေး မေဆန်ဂရင်းဝုဒ်ရဲ့ခြေစွမ်းအပေါ် ချီးကျူးပြောဆိုသွားခဲ့ပြီး အကယ်ဒမီထွက်ကစားသမားရဲ့တိုးတက်မှုတွေကို သေချာပေါက်မြင်ရအုံးမှာဖြစ်ကြောင်း အခုလိုပြောဆိုသွားခဲ့ပါတယ်။

“မေဆန်ရဲ့အဆုံးသတ်ကန်သွင်းချက်က တကယ်ကို ထိပ်တန်းအဆင့်မှာပါ။ကောင်လေးက သင်ယူနေတုန်းရှိသေးပါတယ်။ပြိုင်ပွဲတွေမှာ ကစားပေးနေရင်း ကြုံရင်ကြုုံသလို လေ့လာသင်ယူနေတုန်းပါ”

“အခုချိန်က လိဂ်ပြိုင်ပွဲရဲ့ အပြင်းထန်ဆုံးကာလကို ရောက်နေချိန်ပါ။ကြာသာပတေးနေ့တုန်းကရော ဒီနေ့ပွဲမှာရော ခက်ခဲ့တဲ့ပြိုင်ပွဲတွေကို သူ ကစားခဲ့ရပေမဲ့ သွင်းဂိုးရခဲ့တယ်။သိပ်ကို ကောင်းခဲ့ပါတယ်”

“တိုးတက်မှုတွေ ဒီထပ်ပိုမြင်ရအုံးမှာပါ။လုံး၀ကို သေချာပါတယ်။ကောင်လေးက လေ့လာနေတုန်းပါ။သင်ယူချင်စိတ် ရှိတဲ့သူပါ။သူ့ရဲ့ခံယူချက်သဘောထားတွေကလည်း အမြဲတိုးတက်နေတာပါ”ဆိုပြီး ဂရင်း၀ုဒ်အပေါ် ဆိုးလ်ရှားက ချီးမွမ်းခမ်းဖွင့်ခဲ့ပါတယ်။

Sports Gaber
Photo Credit