Sports

နှစ်လ​ကျော် ဥထားတဲ့ဒီယာလိုကို ပွဲထုတ်တော့မယ်လို့ ဆိုးလ်ရှားပြောကြား

ယူနိုက်တက်အသင်းကို ယူရို၃၇သန်းနဲ့ ဇန်န၀ါရီလအပြောင်းအရွှေ့ကမှ ရောက်ရှိလာခဲ့တဲ့ အာမက် ဒီယာလိုဟာ လူစား၀င်ကစားသမားအဖြစ် ငါးပွဲသာ ကစားရသေးတာဖြစ်သလို ပွဲထွက်ကစားခွင့်စတင်ရရှိဖို့လည်း စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။ဒါပေမဲ့လည်း ဒီနေ့ညမှာ ကစားမဲ့ လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာတော့ နည်းပြဆိုးလ်ရှားက သူ့ကိုအခွင့်အရေးပေးသွားမယ်လို့ ဆိုပါတယ်။

အသက်၁၈နှစ်အရွယ် ဒီယာလိုဟာ ယူရိုပါလိဂ်၁၆အသင်းအဆင့်တုန်းက အေစီမီလန်အသင်းနဲ့ကစားခဲ့တဲ့ ပွဲစဥ်မှာ ယူနိုက်တက်အသင်းအတွက် သွင်းဂိုးတစ်ဂိုး ရယူပေးထားနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ပွဲစဥ်တွေမှာ မကစားရတာ နှစ်လနီးပါးကြာနေပြီဖြစ်နေတဲ့ ဒီယာလိုကို ကစားခွင့်ပေးတော့မှာဖြစ်ကြောင်း ဆိုးလ်ရှားက

“အာမက်က အင်္ဂါနေ့မှာ ကစားမဲ့ပွဲစဥ်မှာ အခွင့်အရေးအရေးရလာမှာပါ။ကောင်းကောင်း လေ့ကျင့်နိုင်နေပါတယ်။အသင်းရဲ့တိုက်စစ်ပိုင်းမှာ အရံသင့်အစားထိုးနိုင်ဖို့အတွက် မတူညီတဲ့ကစားသမားတွေ ရှိပါတယ်။အက်ဒီဆန်ကလည်း လူစား၀င်လာတိုင်း တစ်ဂိုးသွင်းပြတယ်”ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

Sports Gaber
Photo Credit

Unicode





Sports Gaber
Photo Credit