Local News

မနေ့က ထုတ်ပြန်လိုက်တဲ့ KNU ဥက္ကဌမူတူးစေးဖိုးရဲ့သဘောထားထုတ်ပြန်ချက် တဦးထဲရဲ့သဘောထားသာဖြစ်တယ်လို့ဆို


ဖြစ်ကြောင်း ဆို








ယူနီကုတ်

မနေ့က ထုတ်ပြန်လိုက်တဲ့ KNU ဥက္ကဌမူတူးစေးဖိုးရဲ့သဘောထားထုတ်ပြန်ချက် တဦးထဲရဲ့သဘောထားသာဖြစ်တယ်လို့ဆို

#KNU ဗိုလ်ချုပ်ကြီး စောမှုတူးစေးဖိုး ၏သဘောထား သာ
ဖြစ်ကြောင်း ဆို

#ခေတ်နောက်ပြန်ဆွဲဖို့ မဖြစ်နိုင်တော့ပါ,
#၂၀၀၈ ခြေဥကို အသက်ပြန်သွင်းနေသလိုဖြစ်မနေဘူးလာ စဉ်းစားကြပေါ့

NCA မူဘောင်များအတိုင်း တိကျစွာလိုက်နာကျင့်သုံးပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် KNU ဥက္ကဋ္ဌတိုက်တွန်း

သက်ဆိုင်ရာ အစုအဖွဲ့များအနေဖြင့် အပစ်ရပ်စာချုပ် NCA မူဘောင်များအတိုင်း တိကျစွာ လိုက်နာကျင့်သုံးပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြပါရန် တိုက်တွန်းကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ယနေ့ မေလ (၁၀) ရက်နေ့တွင် သဘောထားထုတ်ပြန် ပြောဆိုလိုက်ကြောင်း သတင်းရရှိသည်။

“KNU ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် တွေ့ဆုံဆွေးနွေးခြင်း၊ မူဘောင်များအား လိုက်နာကျင့်သုံးခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်သူအားလုံးအနေဖြင့်လည်း အပစ်ရပ်စာချုပ် NCA မူဘောင်များအတိုင်း တိကျစွာလိုက်နာကျင့်သုံးလျက် ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြပါရန် အလေးအနက်တိုက်တွန်းကြောင်း” ဟု KNU ဥက္ကဋ္ဌ၏ သဘောထားထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲ အချိန်အခါ အခြေအနေတစ်ခုတွင် နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပန်းလာသည်ကို ဝမ်းနည်းဖွယ် တွေ့မြင်နေရသဖြင့် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းကောင်းဖြစ်သည့် တွေ့ဆုံဆွေးနွေးခြင်းသာ အဖြေရှာရန် သဘောထားရှိသည်ဟုလည်း KNU ဥက္ကဋ္ဌ ဆက်ပြောသည်။

KNU ကရင်အမျိုးသားအစည်းအရုံးသည် ဦဒသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ (၁၅) ရက်နေ့တွင် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသည်း (၈) ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားသည်။

ယခု သဘောထားထုတ်ပြန်ချက်သည် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ သဘောထားသာဖြစ်ပြီး အဖွဲ့အစည်းထုတ်ပြန်ချက် လုပ်ထုံးလုပ်နည်းအတိုင်း မဟုတ်သလို KNU ဗဟိုအလုပ်အမှုဆောင်များ အားလုံး၏ သဘောထားရပ်တည်ချက်မဟုတ်ကြောင်းKNU ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သူများက ပြောသည်။ကရက်ဒစ်