Sports

ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ဖာနန်ဒက်စ်လိုချင်နေတဲ့ ကစားသမားနှစ်ယောက်

ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကတော့ လာမဲ့ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့အတွက်ယူနိုက်တက်အသင်းကို ကစားသမားအသစ်နှစ်ယောက် ခေါ်ယူပေးဖို့ တိုက်တွန်းထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ထွက်ပေါ်လာတဲ့သတင်းတွေအရ ဖာနန်ဒက်စ်ဟာ မဂွိုင်းယားနဲ့တွဲဖက်ကစားဖို့ ဗလိုနောက်ခံလူအသစ်တစ်ယောက် အသင်းကိုရောက်စေချင်နေပြီး ရီးရဲနောက်ခံလူ ရာဖေးလ် ဗာရန်းနဲ့ ပေါလ်တောရက်စ်တို့ထဲက တစ်ယောက်ယောက်ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

ဖာနန်ဒက်စ်ဟာ ကွင်းလယ်အဖျက်နေရာကိုလည်း အားဖြည့်ဖို့အတွက်လည်း ကစားသမားတစ်ယောက်လောက် ခေါ်ယူစေချင်စေလိုပြီး ၀က်စ်ဟမ်းအသင်းကနေ ဒီကလန်ရိုက်စ်ဟာ အသင့်တော်ဆုံးဖြစ်မယ်လို့ သတင်းတွေက ဆိုပါတယ်။

Sports Gaber
Photo Credit