Sports

မဂွိုင်းယားရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ဆိုးလ်ရှားရဲ့ပြောကြားချက်

ယူနိုက်တက်နည်းပြအိုလီဂန်နာဆိုးလ်ရှားကတော့ အက်စတန်ဗီလာအသင်းနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ အသင်းခေါင်းဆောင် ဟယ်ရီမဂွိုင်းယားဟာ ဗီလာရီးရဲလ်အသင်းနဲ့ မေလ၂၆ရက်နေ့မှာကစားမဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပါ၀င်လာဖို့ရှိကြောင်း ပြောဆိုသွားခဲ့ပါတယ်။

“မဂွိုင်းယားရဲ့ဒဏ်ရာကို ဓာတ်မှန်ရိုက်ပြီးပါပြီ။ကံကောင်းတာက ကြီးကြီးမားမား ဘာတစ်ခုမှ ဖြစ်မသွားတာပဲ။အရွတ်ထိခိုက်မိရုံလေးပါ။ဒီနှစ်ရာသီမကုန်ခင် သူပြန်ကစားနိုင်ဖို့ မျှော်လင့်ရတာပဲ။ဗိုလ်လုပွဲစဥ်အတွက် သူအဆင်သင့်ဖြစ်နေမယ်လို့ မျှော်လင့်ပါတယ်”ဆိုပြီး ဆိုးလ်ရှားက သတင်းကောင်းပါးခဲ့တာ ဖြစ်ပါတယ်။

မဂွိုင်းယားဟာ ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့တဲ့အချိန်ကစပြီး မနေ့ညကကစားခဲ့တဲ့ လက်စတာအသင်းနဲ့ပွဲစဥ်ကလွဲလို့ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်အသင်းအတွက် ပွဲတိုင်းပါ၀င်ကစားပေးခဲ့တာ ဖြစ်ပါတယ်။

Sports Gaber
Photo Credit