ခြေထောက်ကိုကျည်ထိလို့ လဲကျသွားတဲ့အချိန်မှာပဲ ဦးခေါင်းကိုကျည်ထပ်မှန်ပြီး လူမသိသူမသိ ကျဆုံးသွားခဲ့ရတဲ့ မြင်းခြံမြို့က လူငယ်တစ်ယောက်

ခြေထောက်ကိုကျည်ထိလို့ လဲကျသွားတဲ့အချိန်မှာပဲ ဦးခေါင်းကိုကျည်ထပ်မှန်ပြီး လူမသိသူမသိ ကျဆုံးသွားခဲ့ရတဲ့ မြင်းခြံမြို့က လူငယ်တစ်ယောက်

ယနေ့ မေလ (၁၁) ရက်နေ့ကတော့ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်ခဲ့တာ ရက် (၁၀၀) တိတိပြည့်တဲ့နေ့ပဲ ဖြစ်ပါတယ် ။ ရက်ပေါင်း (၁၀၀) အတွင်းမှာပဲ မြန်မာနိုင်ငံရဲ့အခြေအနေက အများကြီးပြောင်းလဲသွားခဲ့သလို ဖမ်းဆီးထိန်းခံရသူ အရေအတွက်နဲ့ ကျဆုံးသူဦးရေကလည်း တစ်နေ့တခြား ပိုမိုများပြားနေတာ ဖြစ်ပါတယ် ။ ကျဆုံးသွားတဲ့ ပြည်သူတွေထဲမှာ အသက်ငယ်သေးတဲ့ လူငယ်တွေ၊ တိုင်းပြည်ရဲ့အနာဂတ်မျိုးဆက်သစ်လေးတွေလည်း ပါသွားခဲ့တာ ဖြစ်ပါတယ် ။

အခုလည်း ပြည်သူတစ်ဦးက မြင်းခြံမြို့မှာ ကျဆုံးခဲ့တဲ့လူငယ်လေးတစ်ယောက်ရဲ့အကြောင်းကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ အဲ့ဒီလူငယ်လေးကတော့ ပြီးခဲ့တဲ့မတ်လ (၂၉) ရက်နေ့က မြင်းခြံမြို့မှာ ကျည်ထိမှန်ပြီး ကျဆုံးခဲ့တဲ့ မောင်သူထူးစံပဲ ဖြစ်ပါတယ် ။ မောင်သူထူးစံက နွေဦးတော်လှန်ရေးမှာ တစ်တပ်တစ်အားပါဝင်ခဲ့တဲ့ လူငယ်တစ်ဦးဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ စောစီးစွာ ကြွေလွင့်သွားခဲ့ရတာ ဖြစ်ပါတယ် ။

မောင်သူထူးစံက ခြေထောက်ကိုကျည်ထိလို့ လဲကျသွားတဲ့အချိန်မှာပဲ ဦးခေါင်းကိုကျည်ထပ်မှန်ကာ ကျဆုံးခဲ့ရတာပဲ ဖြစ်ပါတယ် ။ သူနဲ့ခင်မင်ရင်းနှီးခဲ့တဲ့ မိတ်ဆွေတစ်ယောက်ကတော့ မောင်သူထူးစံက လူမသိသူမသိ အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းတစ်ယောက်ဖြစ်ကြောင်း၊ စကားကို ရိုးရိုးပြောတတ်ပြီး အစ္စလာမ်ဘာသာ ကိုးကွယ်သူတစ်ယောက်ဖြစ်ကြောင်း ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် အဲ့ဒီမိတ်ဆွေက မောင်သူထူးစံကို သူတို့ဘာသာရဲ့ယုံကြည်မှုအစဥ်အလာအတိုင်း ဆုမွန်ကောင်းတောင်းပေးထားတာလည်း ဖြစ်ပါတယ် ။ မြင်းခြံမြို့က သူရဲကောင်းမောင်သူထူးစံရဲ့အကြောင်းကို ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader
Zawgyi

ေျခေထာက္ကိုက်ည္ထိလို႔ လဲက်သြားတဲ့အခ်ိန္မွာပဲ ဦးေခါင္းကိုက်ည္ထပ္မွန္ၿပီး လူမသိသူမသိ က်ဆဳံးသြားခဲ့ရတဲ့ ျမင္းၿခံၿမိဳ႕က လူငယ္တစ္ေယာက္

ယေန႕ ေမလ (၁၁) ရက္ေန႕ကေတာ့ ျမန္မာနိုင္ငံမွာ ေျပာင္းလဲမႈေတြ စတင္ျဖစ္ေပၚခဲ့တာ ရက္ (၁၀၀) တိတိျပည့္တဲ့ေန႕ပဲ ျဖစ္ပါတယ္ ။ ရက္ေပါင္း (၁၀၀) အတြင္းမွာပဲ ျမန္မာနိုင္ငံရဲ႕အေျခအေနက အမ်ားႀကီးေျပာင္းလဲသြားခဲ့သလို ဖမ္းဆီးထိန္းခံရသူ အေရအတြက္နဲ႕ က်ဆဳံးသူဦးေရကလည္း တစ္ေန႕တျခား ပိုမိုမ်ားျပားေနတာ ျဖစ္ပါတယ္ ။ က်ဆဳံးသြားတဲ့ ျပည္သူေတြထဲမွာ အသက္ငယ္ေသးတဲ့ လူငယ္ေတြ၊ တိုင္းျပည္ရဲ႕အနာဂတ္မ်ိဳးဆက္သစ္ေလးေတြလည္း ပါသြားခဲ့တာ ျဖစ္ပါတယ္ ။

အခုလည္း ျပည္သူတစ္ဦးက ျမင္းၿခံၿမိဳ႕မွာ က်ဆဳံးခဲ့တဲ့လူငယ္ေလးတစ္ေယာက္ရဲ႕အေၾကာင္းကို လူမႈကြန္ယက္စာမ်က္ႏွာကတစ္ဆင့္ ေရးသားေျပာျပထားတာ ျဖစ္ပါတယ္ ။ အဲ့ဒီလူငယ္ေလးကေတာ့ ၿပီးခဲ့တဲ့မတ္လ (၂၉) ရက္ေန႕က ျမင္းၿခံၿမိဳ႕မွာ က်ည္ထိမွန္ၿပီး က်ဆဳံးခဲ့တဲ့ ေမာင္သူထူးစံပဲ ျဖစ္ပါတယ္ ။ ေမာင္သူထူးစံက ႏြေဦးေတာ္လွန္ေရးမွာ တစ္တပ္တစ္အားပါဝင္ခဲ့တဲ့ လူငယ္တစ္ဦးျဖစ္ၿပီး ငယ္ငယ္႐ြယ္႐ြယ္နဲ႕ပဲ ေစာစီးစြာ ေႂကြလြင့္သြားခဲ့ရတာ ျဖစ္ပါတယ္ ။

ေမာင္သူထူးစံက ေျခေထာက္ကိုက်ည္ထိလို႔ လဲက်သြားတဲ့အခ်ိန္မွာပဲ ဦးေခါင္းကိုက်ည္ထပ္မွန္ကာ က်ဆဳံးခဲ့ရတာပဲ ျဖစ္ပါတယ္ ။ သူနဲ႕ခင္မင္ရင္းႏွီးခဲ့တဲ့ မိတ္ေဆြတစ္ေယာက္ကေတာ့ ေမာင္သူထူးစံက လူမသိသူမသိ အသက္ေပးသြားခဲ့ရတဲ့ သူရဲေကာင္းတစ္ေယာက္ျဖစ္ေၾကာင္း၊ စကားကို ရိုးရိုးေျပာတတ္ၿပီး အစၥလာမ္ဘာသာ ကိုးကြယ္သူတစ္ေယာက္ျဖစ္ေၾကာင္း ေရးသားေျပာျပထားတာ ျဖစ္ပါတယ္ ။ ဒါ့အျပင္ အဲ့ဒီမိတ္ေဆြက ေမာင္သူထူးစံကို သူတို႔ဘာသာရဲ႕ယုံၾကည္မႈအစဥ္အလာအတိုင္း ဆုမြန္ေကာင္းေတာင္းေပးထားတာလည္း ျဖစ္ပါတယ္ ။ ျမင္းၿခံၿမိဳ႕က သူရဲေကာင္းေမာင္သူထူးစံရဲ႕အေၾကာင္းကို ေဖာ္ျပေပးလိုက္တာပဲ ျဖစ္ပါတယ္ ။

Source & Photo Credit-Original Uploader