Sports

မေလ၁၂ရက် ညပိုင်းယူနိုက်တက် သတင်းများ

မေလ၁၂ရက် ညပိုင်းယူနိုက်တက် သတင်းများ

၁။ယူနိုက်တက် အသင်းက အက်သလက်တီကို ကစားသမား လော်ရန်တေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမဲ့ တီကို ကတော့ ကစားသမားကို စာချုပ်သက်တမ်းတိုးဖို့အတွက် ကစားသမား နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။
(AS)

၂။ယူနိုက်တက် အသင်းဟာ ဒေါ့မွန် တိုက်စစ်ကစားသမား ဆန်ချိုကို ယူရို၂၀၂၀ပြိုင်ပွဲမတိုင်ခင်မှာ အပြီးသတ် ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။
(Sky Germany)

၃။အာဆင်နယ် အသင်းက ဝက်စ်ဘရွန်းအသင်းကို အငှားချထားတဲ့ နိုင်းစ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်း၄သင်းထဲမှာ ယူနိုက်တက် အသင်းကလည်း ၁သင်းအပါအဝင် ဖြစ်တယ်လို့ အံ့သားဖွယ် သတင်းထွက်ပေါ်လာပါတယ်။ထိုကစားသမားကို ဆောက်သမ်တန်၊လိဒ်စ်နဲ့အဲဗာတန် အသင်းတွေကလည်းခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
(Daily Mail)

၄။ယူနိုက်တက် အသင်းကခေါ်ယူမယ်ဆိုပြီး အချိန်အတော်ကြာ သတင်းထွက်နေတဲ့ ဘရိုက်တန် နောက်ခံလူ ဘန် ဝှိုက် မော်ရင်ညိုကိုင်တွယ်မယ့် ရိုးမား အသင်းကပါ ခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့သိရပါတယ်။ထိုကစားသမားကို ထိပ်တန်း ကလပ်အသင်းအများစုကို ‌စိတ်ဝင်စားနေပါတယ်။
(The Sun)

၅။ရာသီကုန်မှာ ယူနိုက်တက် အသင်းကနေထွက်ခွာတော့မယ့် ဂိုးသမား ရိုမဲရိုးကို ရိုးမားအသင်းက ခေါ်ယူဖို့စိတ်ဝင်စားလာတယ်လို့သိရပါတယ်။မော်ရင်ညိုဟာ ယူနိုက်တက် ကို ကိုင်တွယ်ခဲ့စဉ်ကာလတွေ မှာ ရိုမဲရိုးနဲ့ လက်တွဲခဲ့ဖူးသူဖြစ်ပါတယ်။
(The Telegraph)

Credit – unitedinmyanmar

Unicode


(AS)

(Sky Germany)

(Daily Mail)

(The Sun)

(The Telegraph)

Credit – unitedinmyanmar