Local News

အားတင်းထားပါမြင်းခြံရာမင်းတို့နောက်မှာရန်ကုန်ရှိတယ်








credit..wlaymyar

ယူနီကုတ်​ဖြင့်​ဖတ်​ရန်
အားတင်းထားပါမြင်းခြံရာမင်းတို့နောက်မှာရန်ကုန်ရှိတယ်

အားတင်းထားပါ မန္တလေးရာမင်းတို့နောက်မှာ ရန်ကုန်ရှိတယ်ပြည်သူတွေရဲ့ ညီညွတ်မှုကကြက်သီးတောင်ထစေခဲ့ပါတယ်

ယနေ့ မေလ (၁၂)ရက်နေ့မှာဆိုရင်လည်း ဒီမိုကရေစီလိုလားနေကြတဲ့ ပြည်သူတွေဟာ ဖိနှိပ်ဖြိုခွင်းမှုတွေကြားထဲကနေ ဆန္ဒထုတ်ဖော်မှုတွေကို ဒေသအသီးသီးမှာပြုလုပ်နေကြတာဖြစ်ပြီး ဖြိုခွင်းမှုတွေနဲ့ ဆက်တိုက်တွေ့ကြုံနေကြရတာဖြစ်ပါတယ်။

ဖြိုခွင်းမှုတွေရှိနေပေမယ့်လည်း မြင်းခြံ၊ မန္တလေး၊ မင်းတပ်တို့မှာ ရဲရင့်တက်ကြွစွာနဲ့လူငယ်လေးတွေဦးဆောင်ပြီး တော်လှန်နေကြတာဖြစ်ပါတယ်။

ဖြိုခွင်းမှုတွေကြောင့် အသက်ဆုံးရှုံးမှုတွေလည်းရှိလာနေတာဖြစ်ပေမယ့် ပြည်သူတွေဟာ အလျှော့မပေးပဲ ဆက်လက်တော်လှန်နေကြတာဖြစ်ပါတယ်။

ရက်ပေါင်း ၁၀၀ကျော်သွားခဲ့ပြီဖြစ်တဲ့ လူထုလှုပ်ရှားမှုတွေဟာဆိုရင် ယနေ့ထိတိုင် နေရာအနှံ့အပြားမှာ ဆက်လက်ပြုလုပ်နေကြတာဖြစ်ပြီး ရန်ကုန်မှာလည်း ပြောက်ကျားစနစ်နဲ့ ဆန္ဒထုတ်ဖော်မှုတွေကို ပြုလုပ်နေကြတာပါ

ယနေ့ မေလ (၁၂)ရက်နေ့မှာဆိုရင်လည်း ရန်ကုန်ရှိ လူငယ်တွေဟာ “အားတင်းထားပါ မြင်းခြံရာ မင်းတို့နောက်မှာ ရန်ကုန်ရှိတယ်။အားတင်းထားပါ မင်းတပ်ရာ မင်းတို့နောက်မှာ ရန်ကုန်ရှိတယ်။

အားတင်းထားပါ မန္တလေးရာ မင်းတို့နောက်မှာ ရန်ကုန်ရှိတယ် ဆိုပြီးသံပြိုင်ကြွေးကြော်ကြကာ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

credit..wlaymyar