Sports

ယူနိုက်တက် ခံစစ်ဟာ တောင်ပံ မပါတဲ့ ငှက် လိုပါ ဘဲ

ယူနိုက်တက် အသင်းနဲ့ လီဗာပူးအသင်းတို့ ရဲ့ ပွဲကျန် ပရီးမီးယား လိဂ် ပွဲစဉ်ကတော့ ယနေ့ မနက်ပိုင်း ၁:၄၅ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားပြီးတော့ လီဗာပူးအသင်းက ဖာမီနို၊ဆာလက်၊ဂျိုတာ တို့ ရဲ့ သွင်းဂိုးတွေ နဲ့ အတူ ၄ ဂိုး ရရှိပြီး ယူနိုက်တက် ဘက်ကလည်း Own ဂိုးတစ်ဂိုး ရက်ဖို့ ရဲ့ သွင်းဂိုး တစ်ဂိုး တို့နဲ့ အတူ ၄-၂ ဆိုတဲ့ ရလဒ်နဲ့ ပြီး ဆုံး သွားခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်အပြီး မှာတော့ ယူနိုက်တက် အနေနဲ့ လီဗာပူးအသင်းကို အိမ်ကွင်းမှာ အရှုံးပေး ခဲ့ရပြီး ပြောစရာ အချက် တစ်ချို့လည်း ပေါ် ပေါက်လာပါတယ်။ ကဲ ဝိုင်းဆွေးနွေးပေးကြပါ ဦးဗျာ။

နံပါတ်တစ်- မက်ဂွားယားရဲ့ တန်ဖိုး၊ ဒီနေ့ပွဲမှာ မပါ၀င်နိုင်တဲ့ မက်ဂွားယား တစ်ယောက်ဟာ တော့ ယူနိုက်တက် ပရိတ်သတ်တွေရဲ့ လွမ်းဆွတ်တမ်းတ ခြင်းကို ခံနေရမှာ အမှန်ပါဘဲ။ မက်ဂွားယား မပါတဲ့ ယူနိုက်တက် ခံစစ်ဟာ တောင်ပံ မပါတဲ့ ငှက် လိုပါ ဘဲ၊ တော်တော်လေးကို ကြည့်ရဆိုးစေ ခဲ့ပါတယ်။

ဒီနေ့ည မှာ ပွဲထွက် ခဲ့တဲ့ လင်ဒီလောဒ့်နဲ့ ဘိုင်လီ အတွဲကလည်း တော်တော်လေးကို တည်ငြိမ်မှု နည်းပြီးအမှား
များခဲ့တာ ကိုလည်း တွေ့ခဲ့ရပါတယ်။ဒါကြောင့် ယူနိုက်တက် အနေနဲ့ ဒီနွေမှာ မက်ဂွားယား လောက်နီးပါး တည်ငြိမ်ပြီး အသင်းကို ဦးဆောင်နိုင်မယ့် ခံစစ်မှုးတစ်ယောက်ကို မဖြစ်မနေ ခေါ် ယူသင့်ပါတယ်။

နံပါတ် နှစ် အနေနဲ့ ကတော့ ပေါ့ဘာကို ဘယ်တောင်ပံ ထုတ်ကစားစေခြင်းပါ။တော်တော်လေး ကို ရုတ်ဆိုးလှပါတယ်။ပထမပိုင်း တစ်ပိုင်းလုံးမှာ ယူနိုက်တက် တို့ ဂိုးသွင်းဖို့ အခွင့်အရေး ဖန်တီးမှု တွေဟာ ဘယ်တောင်ပံမှာ ကစားနေရတဲ့ ပေါ့ဘာကြောင့် ထင်သလောက် မဖြစ်တည် နိုင်ဘဲနဲ့ တိုက်စစ်လိုက်ပါမှု အားနည်းတဲ့ ဘစ်စာကာရဲ့ ညာ ဘက်ခြမ်းကသာ ဖိအားပေးတိုက်စစ်ဆင်ခဲ့ရတာ ကို တွေ့ရပါတယ်။

ရက်ဖို့ အနေနဲ့ ကလည်း ညာတောင်ပံ မှာ ဘယ်တောင်ပံမှာလောက် ထင်သလောက် လုံး၀ အလုပ်မဖြစ်တာ ကို တွေ့ရပြီး ပထမပိုင်းမှာသာ ယူနိုက်တက်တို့ ပေါ့ဘာကို ကွင်းလယ်မှာ တည်ကစားခဲ့ရင် ရလဒ်က တစ်မျိုးတစ်ဖုံပြောင်းလဲ သွားနိုင်မှာလည်း ဖြစ်တယ်လို့ ထင်မိပါတယ်။

နံပါတ် သုံး- ဟန်ဒါဆန် ရဲ့ လိုအပ်ချက် ယူနိုက်တက် ရဲ့ ပေးလိုက်ကတဲ့ တတိယ ဂိုးဟာ ဟန်ဒါဆန်ရဲ့ လိုအပ်
ချက်တွေ ပါတယ်လို့ ပြောရင် မှားမယ် မထင်ပါဖူး။ဒီဂီယာ ကိုယှဉ်ဖို့ ဆိုရင် ဟန်ဒါဆန် အနေနဲ့ အတော်လေးကို ကြိုးစား အားထုတ်ဖို့ လိုအပ်နေသေးပြီးတော့ ဒီပုံစံနဲ့ တော့ ယူနိုက်တက် ရဲ့ ပထမ ဦးစားပေး ဘလိုမှ မဖြစ်နိုင်သေးပါဖူး။ဟန်ဒါဆန်ရဲ့ အဓိက အားနည်းချက်က ဘောလုံးကို အမိမဖမ်း နိုင်တာ ဖြစ်ပြီး ပြန်ပြန် လျံထွက်တတ်တာကို လည်းခနခန မြင်ရမှာဖြစ်ပါတယ်။ဒီတစ်ချက်ကို ပြင်နိုင်ရင်တော့ ဟန်ဒါဆန်တစ်ယောက် ဒီထက် ပိုကောင်းမယ်လို့ မြင်မိပါတယ်။

ကဲ ခင်ဗျားတို့ ရဲ့ အမြင်တွေကို လည်း ဝိုင်း၀န်းဆွေးနွေးပေးကြပါ ဦးခင်ဗျာ။
By Ko Yair

Credit – ManUFanForever