Sports

ရွိုင်ကိန်း ဝေဖန် အပြစ်တင်သွားခဲ့တဲ့ ယူနိုက်တတ်ကစားသမားများ

ယနေ့ နံနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပွဲမှာ ဆိုးလ်ရှား ရဲ့ မန်ယူနိုက်တက် အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် တိုက်ပွဲ ဝင်နေတဲ့ လီဗာပူး အသင်းကို လေးဂိုး နှစ်ဂိုး နဲ့ ရှုံးနိမ့် သွားခဲ့ပြီး နှစ်ပွဲဆက် ရှုံးပွဲ ကြုံတွေ့ သွားခဲ့ရပါတယ် ။

ရွိုင်ကိန်းကတော့ လီဗာပူးကို ရှုံးနိမ့် ခဲ့တဲ့ ပွဲမှာ ယူနိုက်တက် ကစားသမား ၃ ဦးကို ဝေဖန် ပြစ်တင် သွားခဲ့ပါတယ် ။ ယူနိုက်တက် အသင်းဟာ အသင်းခေါင်းဆောင် မက်ဂွိုင်းယား မပါဝင်မှု နဲ့ အတူ ခံစစ်ပိုင်း ဆိုးရွားခဲ့ပြီး ဒီရာသီ လိဂ် ၆ ပွဲမြောက် ရှုံးပွဲကို ကြုံတွေ့ သွားခဲ့ရတာပါ ။

လီဗာပူး နဲ့ ပွဲမှာ မန်ယူနိုက်တက်အသင်းက လင်ဒီအော့ဖ် ၊ ဘိုင်လီ ၊ ဟန်ဒါဆန် ၊ ဖရက်ဒ် ၊ တော်မီနေး ၊ လုရှော တို့ ခြေစွမ်းပိုင်း ညံ့ဖျင်း ခဲ့ကြပီး ရွိုင်ကိန်း ကတော့ ကစားသမား ၃ ဦးကို ပြစ်ပြစ်နှစ်နှစ် ဝေဖန် သွားခဲ့ပါတယ် ။

” အိုလီ က ဖရက်ဒ် ကို သည်းခံ အခွင့်အရေး ပေးနေတာကို ကျနော် သိပါတယ် ၊ ဒါပေမယ့် သူဖြစ်စေချင်သလို ဖြစ်လာမယ်လို့ မထင်ပါဘူး ။ သူတို့ အနေနဲ့ ဖရက်ဒ် ဟာ ယူနိုက်တက်ကို အောင်မြင်မှုတွေဆီ တွန်းပို့ ပေးနိုင်မယ့်သူလို့ ဘာကြောင့်တွေးထင်နေကြလဲ မသိပါဘူးဗျာ ။ “

” ဖရက်ဒ်ကို လိုအပ်တာထက် အချိန်တွေ အများကြီး သူ ပေးခဲ့ပြီးပါပြီ ။ သူက လျော့တိလျော့ရဲ ကစားပြီး ပျင်းရိတဲ့ ကစားသမား တစ်ဦးပါ ၊ နောက်ပြီး သူ့ပုံက အခက်အခဲတွေကနေ ရုန်းထနိုင်အောင် အသင်းဖော်တွေ အကူအညီပေးကြဖို့ မျှော်လင့်နေပုံပါပဲ ။ ”

” လုရှော က အတွေ့အကြုံမရှိတဲ့သူ တစ်ဦးလို ကစားသွားခဲ့ပါတယ်၊ ဂိုးသမားဆိုလည်း မကောင်းပါဘူး ၊ အမှားတွေ တစ်ခုပြီး တစ်ခု လုပ်နေခဲ့တာပါ ၊ ဒီနေ့ ယူနိုက်တက် ဆီက မြင်တွေ့ရတာ​တွေက ညံ့ဖျင်းမှုတွေပါပဲ ။ “

” မက်ဂွိုင်းယား မပါတာ ဆုံးရှုံးမှု တစ်ခု ဆိုပေမယ့် မဖြစ်သင့်တဲ့ အမှားတွေ အများကြီးပါ ။ ဖရက်ဒ် က ဖိအားမရှိဘဲ ပီးစလွယ် ဘောလုံး ပေးကစား နေပါတယ် ၊ ရှော ဆိုလည်း အတွေ့အကြုံရင့် နိုင်ငံ လက်ရွေးစင် ကစားသမား တစ်ဦး ဖြစ်ရဲ့သားနဲ့ဗျာ ။ “

” ဟန်ဒါဆန် နဲ့ ပတ်သက်ပြီး စိုးရိမ်တာက ဂိုးပေါက်ရှေ့မှာ သူ့ကို မြင်ရတာ လူကောင် သေးလွန်းတာပါ ။ သူက စိတ်ဓတ်ပိုင်းလည်းကောင်း ၊ခြေထောက်နဲ့ ဘောလုံး ကိုင်ကစားတာလည်း ကောင်းပါတယ် ၊ ပြဿနာက ဂိုးရှေ့မှာ လူကောင်သေး ပုံပေါက်နေတာပါ ။ “

” ကျွန်တော်တို့က သူ့ကို ပွဲဆက် ကစားခွင့် ပေးဖို့ လိုအပ်တယ်လို့ ပြောကြပါတယ် ။ ဒီည သူ့ကို ကြည့်ရတာတော့ အကောင်းဆုံးည တစ်ည မဖြစ်ခဲ့ပါဘူး ၊ ဒါပေမယ့် သူ့ကို ပွဲဆက် ကစားခွင့် ပေးဖို့ လိုအပ်ပါတယ် ၊ ဒီဂီယာ ကို အားကိုးလို့ မရပါဘူး ၊ ဒီဂီယာ ကလည်း အဖြေ မဟုတ်ဘူးလို့ ထင်ပါတယ် ။ ဟန်ဒါဆန် က လူကောင်သေးနေတဲ့ အပေါ် စိုးရိမ်မိတာ အမှန်ပါပဲ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

Credit-SportMyanmar