Sports
ယူနိုက်တက် အသင်းသို့ ပြောင်းရွေ့ ကစားချင်ကြောင်း အက်တလန်တာ အသင်းမှ အာဂျင်တီးနားကြယ်ပွင့် နောက်တန်း ကစားသမား ရိုမီရို က ဖွင့်ဟ
Unicode
ယူနိုက်တက် အသင်းသို့ ပြောင်းရွေ့ ကစားချင်ကြောင်း အက်တလန်တာ အသင်းမှ အာဂျင်တီးနားကြယ်ပွင့် နောက်တန်း ကစားသမား ရိုမီရို က ဖွင့်ဟပြောကြားခဲ့တာ တွေ့ရဘာတယ် ။
အသက် 23 နစ်အရွယ်ရှိ သာရှိသေးတဲ့ အာဂျင်တီးနားကြယ်ပွင့် နောက်တန်း ကစားသမား ရိုမီရို သည် ဂျုဗင်တပ်အသင်းမှ အက်တလန်တာ အသင်းသို့ ( 1 ) ရာသီအငှားဖြင့် သွားရောက်ကစားနေခြင်းဖြစ်ပြီး ဆိုးရှားစိတ်ဝင်စားနေသော နောက်တန်း ကစားသမား များအနက်မှ ( 1 ) ယောက် ဖြစ်တယ်လို့ သိရဘာတယ် ။
ယူနိုက်တက် အသင်း သည် အင်္ဂလန် ကြယ်ပွင့် နောက်တန်း ကစားသမား မက်ဂွားရား နှင့်တွဲကစားမည့် အရည်အချင်း ရှိတဲ့ ကြယ်ပွင့် နောက်တန်း ကစားသမား ( 1 ) ယောက် ကို ခေါ်ယူ အားဖြည့်ဘိ်ု့ ကြိုးစားနေတာ တွေ့ရဘာတယ် ။ အက်တလန်တာ အသင်းမှ အာဂျင်တီးနားကြယ်ပွင့် နောက်တန်း ကစားသမား ရိုမီရို ရဲ့ အသက်အရွယ်နှင့် စွမ်းဆောင်ရည်က ဆိုးရှား လိုချင်သော ကစားသမားမျိုး ဖြစ်နေတာ တွေ့ရဘာတယ် ။
အက်တလန်တာ အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် အာဂျင်တီးနားကြယ်ပွင့် နောက်တန်း ကစားသမား ရိုမီရိုကို စာချုပ်တွင်သတ်မှတ်ထားသည့်အတိုင်း 25 သန်း ပေးကာ အက်တလန်တာ အသင်း က အပြီးသတ် ဝယ်ယူဖွယ်ရှိပြီး အာဂျင်တီးနားကြယ်ပွင့် နောက်တန်း ကစားသမား ရိုမီရိုကို ကို ပိုမို မြင့်မားသောဈေးဖြင့် ပြန်လည်ရောင်းချရန် စီစဉ်နေသည်။
အက်တလန်တာ အသင်းသည် အာဂျင်တီးနားကြယ်ပွင့် နောက်တန်း ကစားသမား ရိုမီရိုကို သန်း 40 နဲ့ ရောင်းချဘို့ စီစဉ်နေတာ တွေ့ရဘာတယ် ။ ယူနိုက်တက် သည် ရှေ့တန်းအတွက် ဥရုဂွေး ဂိုးသွင်းဘုရင် တိုက်စစ် ကစားသမား ကာဗာနီကို စာချုပ်သက်တမ်းတိုးပြီးနောက် အားနည်းနေတဲ့ နောက်တန်း ကို အားဖြည့်ဘို့ ကို အဓိကထား ကြိုးစားလာသည်။
ယူနိုက်တက် အသင်း ရဲ့ ဂန္တဝင် နောက်တန်း ကစားသမား ဖာဒီနန်က လာမည့်နှစ်တွင် မန်စီးတီးနှင့်အပြိုင် ချန်ပီယံဆုကို လုယူလိုပါက နောက်တန်းအားဖြည့်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အာဂျင်တီးနားကြယ်ပွင့် နောက်တန်း ကစားသမား ရိုမီရိုကို သည် ယခုနှစ် ရာသီတွင် အက်တလန်တာ အသင်း အတွက် 39 ပွဲပါဝင်ကစားပြီး 3 ဂိုးသွင်းကာ 5 ဂိုး ဖန်တီးထားသည်။
#Ap Nge lay
#Everbest Sport