Sports
” လာမယ့် နွေရာသီ အပြောင်းအရွေ့ စျေးကွက်မှာ အသင်းကထွက်ခွာခွင့်ရဖို့ မျှော်လင့်နေတဲ့ ယူနိုက်တက် ကြယ်ပွင့် “
ဒါ့အပြင် တစ်ဖက်မှာလည်း ဒေါ့မွန် အသင်းမှ အင်္ဂလန်ကြယ်ပွင့် တိုက်စစ် ကစားသမား ဆန်ချို လို ကစားသမားမျိုးကို ဈေးကြီးပေးခေါ်ယူရဖို့ ရှိနေတဲ့အပြင် နောက်ထပ် ကစားသမားသစ် ( 2 ) ယောက် ( 3 ) ယောက်ကို ထပ်မံဝယ်ယူရဖို့ ရှိနေတဲ့ ယူနိုက်တက်အတွက်တော့ ပါရဲရားလို အသင်းအတွက် အဓိက အခန်းကဏ္ဍက အရေးမပါတော့တဲ့ ကစားသမားမျိုးကို အသင်းကနေ ထွက်ခွာခွင့်ပေးပြီး မဖြစ်မနေရောင်းထုတ်ရမယ့် အခြေအနေမှာလည်း ရှိနေပါတယ်။
ဘရာဇီး ကြယ်ပွင့် နောက်တန်း ကစားသမား ပါရဲရား ကို ဘယ်လ်ဂျီယံကလပ် အန်ဒါလက် အသင်းကလည်းေ ခ်ါယူဖို့အတွက် အတော်လေးစိတ်ဝင်စားမှုရှိလို့နေပါတယ်။
Unicode
ယူနိုက်တက်ရဲ့ ကွင်းလယ် ကစားသမား ပါရဲရားကတော့ လာမယ့် နွေရာသီ စျေးကွက်မှာ အသင်းကနေ ထွက်ခွာခွင့်ရဖို့ မျှော်လင့်နေတယ်လို့ဆိုပါတယ်။ အသက် 25 နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ဘရာဇီး ကြယ်ပွင့် နောက်တန်း ကစားသမား ပါရဲရား သည် 2014 ခုနှစ်မှာ ယူနိုက်တက်ကို စတင်ရောက်ရှိလာခဲ့တာပါ။
နည်းပြ ဆိုးလ်ရှားလက်ထက်မှာတော့ အရန်ခုံမှသာ အချိန်ကုန်နေခဲ့ရပြီး လက်ရှိမှာတော့ လာဇီယို အသင်းထံ တစ်ရာသီအငှားနဲ့ သွားရောက်ကစားနေခဲ့တာဖြစ်ပါတယ်။ ပါရဲရား လာဇီယိုအသင်းမှာ ဂိုးသွင်းယူထားနိုင်သလို ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်ထားနိုင်ပြီး ခြေစွမ်းပြသထားပေမယ့် ရာသီကုန်မှာတော့ ယူနိုက်အသင်းထံ ပြန် ပြီး အရန်ခုံ ထိုင်ရဦးမယ့် အလားအလာရှိနေပါတယ်။
နည်းပြဆိုးလ်ရှားအတွက်တော့ သူရဲ့ အနာဂါတ်အစီအစဉ်တွေမှာ ပါရဲရား မပါဝင်တော့တဲ့ နောက်ပိုင်း အသင်းကနေ ထွက်ခွာခွင့်ပေးပြီး အသင်းသစ်အမြန်ဆုံးတွေ့အောင် ကူညီပေးသွားမယ်လို့လည်း ပြောဆိုထားဖူးပါတယ်။
ဒါ့အပြင် တစ်ဖက်မှာလည်း ဒေါ့မွန် အသင်းမှ အင်္ဂလန်ကြယ်ပွင့် တိုက်စစ် ကစားသမား ဆန်ချို လို ကစားသမားမျိုးကို စျေးကြီးပေးခေါ်ယူရဖို့ ရှိနေတဲ့အပြင် နောက်ထပ် ကစားသမားသစ် ( 2 ) ယောက် ( 3 ) ယောက်ကို ထပ်မံဝယ်ယူရဖို့ ရှိနေတဲ့ ယူနိုက်တက်အတွက်တော့ ပါရဲရားလို အသင်းအတွက် အဓိက အခန်းကဏ္ဍက အရေးမပါတော့တဲ့ ကစားသမားမျိုးကို အသင်းကနေ ထွက်ခွာခွင့်ပေးပြီး မဖြစ်မနေရောင်းထုတ်ရမယ့် အခြေအနေမှာလည်း ရှိနေပါတယ်။
ဘရာဇီး ကြယ်ပွင့် နောက်တန်း ကစားသမား ပါရဲရား ကို ဘယ်လ်ဂျီယံကလပ် အန်ဒါလက် အသင်းကလည်းေ ခါ်ယူဖို့အတွက် အတော်လေးစိတ်ဝင်စားမှုရှိလို့နေပါတယ်။
ခ ရက် ဒစ် M Diary